Google က ၎င်းင်း၏မြေပုံတွင် မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့ဟု အမည်ပြောင်းလဲ

Google က ၎င်းင်း၏မြေပုံတွင် မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့ဟု အမည်ပြောင်းလဲ
Photo-AFP
Photo-AFP
Published 11 February 2025

အမေရိကန်ပြည်ထောင်စုတွင် Google မြေပုံအသုံးပြုသူများအတွက် မက္ကဆီကို ပင်လယ်ကွေ့ကို အမေရိက ပင်လယ်ကွေ့အဖြစ် အမည်ပြောင်းလိုက်သည်ဟု ဖေဖော်ဝါရီ ၁၀ ရက်တွင် Google က ပြောကြားလိုက်ပြီး ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် သမ္မတဒေါ် နယ်ထရန့်၏ သမ္မတအမိန့်အတိုင်း ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

အမေရိကန် ပြည်ထောင်စုပြင်ပရှိ Google မြေပုံအသုံးပြုသူများသည် အခြားအငြင်းပွားစရာ တည်နေ ရာများအတွက်အကြောင်းကိစ္စတစ်ခုအဖြစ် မက္ကဆီကို ပင်လယ်ကွေ့အတွက်မူလအမည်ကိုရော၊ အမည်သစ်ကိုပါ ဆက်လက်တွေ့နေကြရမည်ဟု Google က ဘလော့တစ်ခုတွင် ဖော်ပြခဲ့သည်။

“အမေရိ ကန်ပြည်ထောင်စုမှာမြေပုံကို အသုံးပြုတဲ့သူတွေဟာ အမေရိကပင်လယ်ကွေ့ကို တွေ့ ရမှာဖြစ်ပါတယ်။ မက္ကဆီကိုက လူတွေကတော့ မက္ကဆီကို ပင်လယ်ကွေ့ကိုမြင်ရမှာ ဖြစ်ပါတယ်။ အခြားနေရာတွေမှာ အသုံးပြုတဲ့သူတွေကတော့ အမည်နှစ်ခုစလုံးကို မြင်ကြရပါလိမ့်မယ်”ဟု Google ကရေးခဲ့သည်။

Google သည် ပထဝီဝင်အမည်များ သတင်းအချက်အလက်စနစ်မှတစ်ဆင့် အမေရိကန် အစိုးရကသတ်မှတ်ပေးထားသော ပထဝီဝင်တည်နေရာများနှင့်အညီ အမည်ပြောင်းလဲခြင်းဖြစ်သည်ဟု ဆိုသည်။ သမ္မတထရန့်ကလည်း မက္ကဆီကို ပင်လယ်ကွေ့ကိုအမည်ပြောင်းလဲရန် လက်မှတ်ထိုးခဲ့သည်ဟု  သိရသည်။

Ref: AFP

Most Read

Most Recent