ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သည့် တန်ဆောင်မုန်းလပြည့်ည တန်ဆောင်တိုင်စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်အား နိုဝင်ဘာ ၁၄ ရက်မှစတင်၍ ကျင်းပလျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၁၅ ရက် (တန်ဆောင်မုန်းလပြည့်နေ့) ည ၉ နာရီကျော်မှစ၍ FIREWORK အမျိုးအစား မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ပြီး လာရောက်ကြည့်ရှုသူများရှိခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
အဆိုပါ တန်ဆောင်တိုင်စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ နံနက် ၈ နာရီမှ ည ၁၀ နာရီအထိ ကျင်းပမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။