အီတလီစူပါဖလား၊ ပရီးမီးယားလိဂ်နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

အီတလီစူပါဖလား၊ ပရီးမီးယားလိဂ်နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: Detik
Photo: Detik
Published 22 January 2024

နာပိုလီ - အင်တာမီလန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

ဒီပြိုင်ပွဲက လေးသင်းအဖြစ် ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး အင်တာမီလန်အသင်းအနေနဲ့ ဗိုလ်လုပွဲကို သုံးကြိမ်ဆက်တိုက် ကစားခွင့်ရတာပါ။ ဆီမီးဖိုင်နယ်မှာ နှစ်သင်းစလုံး သုံးဂိုးပြတ်ရလဒ်တွေနဲ့ အနိုင်ရခဲ့ကြပြီး နာပိုလီက ဖီအိုရင်တီးနား၊ အင်တာမီလန်က လာဇီယိုအသင်းကို ကျော်ဖြတ်ခဲ့တာ ဖြစ်တယ်။ နာပိုလီအနေနဲ့ အင်တာမီလန်ကို ယှဉ်နိုင်ဖို့မရှိသလို ဆော်ဒီမှာ ကစားရတာဖြစ်လို့ ပိုပြီးတည်ငြိမ်မှုရှိတဲ့ အင်တာမီလန်အသင်းပဲ ချန်ပီယံဆု ကိုင်မြှောက်ခွင့်ရမှာပါ။

ဘရိုက်တန် နှင့် ဝုလ်ဗ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ဘရိုက်တန်က ခြေစွမ်းမဆိုးပေမဲ့ နိုင်ပွဲရဖို့အတွက်တော့ ရုန်းကန်နေရတဲ့အသင်းဖြစ်တယ်။ ကွင်းလယ်ပိုင်းအားနည်းမှုနဲ့ တိုက်စစ်ပိုင်းကလည်း စပါးနဲ့ပွဲကလွဲပြီး ပွဲတော်တော်များများမှာ ဂိုးရတာနည်းလာတယ်။ ဝုလ်ဗ်က ရလဒ်ဆက်တိုက် ကောင်းနေတဲ့အသင်းဖြစ်ပြီး ဘရိုက်တန်ကွင်းမှာလည်း သရေရအောင်ခံကစားလိမ့်မယ်။ သရေကျသွားနိုင်ပါတယ်။ 

ဂရန်နာဒါ နှင့် အက်သလက်တီကို (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ခုနောက်ပိုင်း အက်သလက်တီကိုရဲ့ခြေစွမ်းက ပုံမှန်မရှိဘဲ မှန်းရလည်းခက်လာတယ်။ အထူးသဖြင့် ခံစစ်ပိုင်းက အတော်လေးကို အားနည်းနေတယ်။ ဂရန်နာဒါကတော့ အိမ်ကွင်းပွဲတွေမှာ ခံစစ်ပိုင်းကို ဂရုတစိုက်ပြန်ကစားလာတာ တွေ့နေ ရတယ်။ နောက်ပြီး တိုက်စစ်ကလည်း အိမ်ကွင်းမှာမဆိုးလှလို့ ခံစစ်အမှားများနေတဲ့ အက်သလက်တီကို သတိထားရမယ် ထင်တယ်။ အက်သလက်တီကိုနိုင်မယ်ဆိုရင်တောင် ဂိုးပြတ်ဖို့တော့ ခက်လိမ့်မယ်။

Most Read

Most Recent