ငွေကျပ်သိန်း ၃၀၀ ရစရာရှိသဖြင့် ခင်ပွန်းဖြစ်သူကို ဖမ်းဆီးထားပြီး ပြန်မဆပ်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသဖြင့် မန္တလေးမြို့ မဟာအောင်မြေ မြို့မ ရဲစခန်းတွင် အောက်တိုဘာ ၁၆ ရက်က အမှုဖွင့်ထားကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
တိုင်ကြားချက်အရ စက်တင်ဘာ ၃ ရက်က မဟာအောင်မြေ မြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၈ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားတွင် လားရှိုးမြို့မှ လာရောက်ပြီး အိမ်ငှားရမ်း နေထိုင်သည့် မနန်းငွေယုနှင့် ခင်ပွန်းဖြစ်သူ ဦးအောင်ရွှေ (ကားရောင်းဝယ်ရေး လုပ်ကိုင်သူ) တို့နှင့် လုပ်ငန်းအတူ လုပ်ကိုင်ခဲ့ဖူးသည့် မအားရှင်နှင့် သူမ၏မောင်ကိုအားကွယ်၊ ကိုအောင်နိုင်တို့ ရောက်ရှိလာခဲ့ကြောင်း၊ မအားရှင် ပါဝင်သော ထိုသုံးဦးထဲက ကိုအောင်ရွှေကို လမ်း ၆၀ ကားဝင်း မသိ၍ လိုက်ပို့ရန် ပြောကာ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၆ ရက်တွင် ကိုအောင်ရွှေက ဇနီးမနန်းငွေယုထံ ဖုန်းဆက်၍ မအားရှင်ကို ပိုက်ဆံ အကြွေးပေးရန်ရှိသဖြင် ၎င်း၏ဖခင်နှင့် ဦးလေးတို့ကို ငွေကျပ်သိန်း ၃၀၀ ရှာပေးရန်နှင့် ငွေမပေးလျှင် သတ်ပစ်မည်ဟု မအားရှင်တို့က ခြိမ်းခြောက်ကြောင်း၊ မသွားရ၊ မလာရအောင် ထိန်းချုပ်ထားသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ကိုအောင်ရွှေကို အကြွေး မပေးလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ကာ ဖမ်းဆီးထားသော မအားရှင်ပါ လေးဦးကို မနန်းယုငွေက မဟာအောင်မြေ မြို့မရဲစခန်း တွင် (ပ)၄၆၈/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၇/၃၄၄/ ၁၁၄ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“အကြွေး ရစရာရှိတဲ့ အမျိုးသမီးနဲ့ သူ့မောင်တွေက စက်တင်ဘာ လဆန်းကတည်းက ခေါ်သွားတာကို ပြန်လာနိုးနဲ့ စောင့်ရင်း နောက်ဆုံးရက်တွေ ကြာလာပြီး အဆက်အသွယ် မရတော့လို့ အခုမှ သူ့အမျိုးသမီးက အမှုလာဖွင့်တာလို့ သိရတယ်။ အရင်ကတည်းက လုပ်ငန်းအတူ လုပ်ကိုင်ခဲ့ဖူးတဲ့ သူတွေဖြစ်တော့ ယုံကြည်ပြီး လိုက်သွားမိတာ။ အခုလက်ရှိ ကိုအောင်ရွှေက သူတို့နဲ့ အတူပဲလား၊ တခြားမှာပဲ သီးသန့် ထားသလားဆိုတာ မသိရသေးဘူး”ဟု မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ရီက ပြောကြားသည်။
အမှုနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် လားရှိုးမြို့ အမှတ်(၁) ရဲစခန်းသို့ ဖမ်းဆီးနိုင်ရန် အကြောင်းကြားစာ ပေးပို့ထားပြီး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်ဟု ရဲမှူးက ဆိုသည်။
ကျပ်သိန်း ၃၀၀ ရစရာရှိ၍ ခင်ပွန်းဖြစ်သူကို ဖမ်းဆီးထားပြီး ပြန်မဆပ်ပါက သတ်ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း မန္တလေးမြို့ မဟာအောင်မြေ မြို့မ ရဲစခန်းတွင် တိုင်ကြား