နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ရှင် ကနေဒါအမျိုးသမီးဘောလုံးသမား ဆင်ကလဲယား လက်ရွေးစင်အဖြစ်မှအနားယူ

နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ရှင် ကနေဒါအမျိုးသမီးဘောလုံးသမား ဆင်ကလဲယား လက်ရွေးစင်အဖြစ်မှအနားယူ
Photo: Twitter
Photo: Twitter
Published 23 October 2023

ကမ္ဘာတစ်ဝန်း အမျိုးသားနှင့် အမျိုးသမီးဘောလုံးသမားများအနက် နိုင်ငံတကာသွင်းဂိုးအများဆုံး စံချိန်တင်ထားသူ ခရစ္စတင်းဆင်ကလဲယားသည် ယခုနှစ်ကုန်တွင် ကနေဒါလက်ရွေးစင်အဖြစ်မှ အနားယူတော့မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အသက် (၄၀) ရှိပြီဖြစ်သူ ကနေဒါလက်ရွေးစင်အသင်းခေါင်းဆောင် ဆင်ကလဲယားသည် နိုင်ငံတကာပွဲစုစုပေါင်း (၃၂၇) ပွဲကစား၊ ဂိုး (၁၉၀) သွင်းယူထားပြီး အမျိုးသားကစားသမားများအနက် နိုင်ငံတကာဂိုးအများဆုံး စံချိန်တင်ထားသူ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို (၁၂၇ ဂိုး) ထက် (၆၃) ဂိုး ပိုမိုသွင်းယူထားသည်။

ဆင်ကလဲယားက ယခုနှစ်ကုန်တွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး အမေရိကန်ကလပ် Portland Thorns အသင်းအတွက်မူ လာမည့်ရာသီအထိ ဆက်ကစားဦးမည်ဖြစ်ကြောင်း သိရသည်။

ဆင်ကလဲယားသည် အိုလံပစ်ရွှေတံဆိပ်ဆု တစ်ကြိမ်(၂၀၂၀)နှင့်  ကွန်ကာကပ်ဖ် အမျိုးသမီးချန်ပီယံရှစ်ဆုဖလား တစ်ကြိမ် (၂၀၁၀) ရရှိဖူးသူဖြစ်သည်။

Most Read

Most Recent