ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ပြီးခဲ့သည့် မတ်လအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရရှိသူ ၆၀ ဦးရှိ

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ပြီးခဲ့သည့် မတ်လအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁ ဦးနှင့် ဒဏ်ရာရရှိသူ ၆၀ ဦးရှိ
Published 6 April 2023

 

အမြန်လမ်းမကြီး ၄၈ မိုင်အနီးတွင် အုန်းသီးများတင်ဆောင်လာသောကုန်တင်ယာဉ်တစ်စီး အမြန်လမ်းမကြီးပေါ်ရှိ တံတားအားဝင်တိုက်မိပြီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်သောဖြစ်စဉ်အား မတ်လ ၁၂ ရက်က တွေ့ရစဉ်။

 

ရန်ုကုန်-မန္တလေး အမြန်လမ်းမကြီး ပေါ်တွင် ပြီးခဲ့သော မတ်လအတွင်း၌ယာဉ် မတော်တဆမှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ရာ အဆို ပါ ယာဉ်မတော်တဆမှုများကြောင့် သေဆုံး သူ ၁၁ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ဦး ရှိခဲ့ကြောင်း နေပြည်တော် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မတ်လအတွင်းဖြစ်ပွားခဲ့သည့် ယာဉ် မတော်တဆမှု ၁၅ ကြိမ်တွင် ထိခိုက်ဒဏ်ရာ ရရှိသူ ကျား ၃၂ ဦး၊ မ ၂၈ ဦး၊ပေါင်း ၆၀ ဦးနှင့် သေဆုံးသူ ကျား ၉ ဦး မ ၂ ဦး၊ ပေါင်း ၁၁ဦး ဖြစ်ပြီး အဆိုပါ ယာဉ်မတော်တဆမှုများ ကြောင့် အမှုဖွင့် အရေးယူခဲ့သူ ကျား ၁၄ ဦး၊ မ ၁ ဦး၊ ပေါင်း ၁၅ ဦးရှိခဲ့ကြောင်းသိရသည်။

အမြန်လမ်းတွင် ၂၀၂၃ ခုနှစ် ဇန်န ၀ါရီလ အတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၁၃ ကြိမ်ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၇ ဦး၊ မ ၆ဦး၊ပေါင်း ၁၃ ဦးနှင့် သေဆုံးသူ ကျား ၆ ဦး၊ မ ၂ ဦး၊ပေါင်း ၈ ဦး၊ ဖေဖော်ဝါရီ လအတွင်း၌ ယာဉ်မတော်တဆမှုပေါင်း ၁၂ ကြိမ်ဖြစ်ပွား၍ ထိခိုက်ဒဏ်ရာရရှိသူ ကျား ၇ ဦး၊ မ ၈ ဦး၊ပေါင်း ၁၅ ဦးနှင့် သေဆုံးသူ ကျား ၆ ဦး၊ မ ၅ ဦး၊ ပေါင်း ၁၁ဦးရှိခဲ့ရာ မတ်လ အတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု၊ ထိခိုက်ဒဏ်ရာရရှိမှုမှာ ဇန်နဝါရီလနှင့် ဖေ ဖော်ဝါရီလများထက် ပိုများခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း ဇန်နဝါရီလ၊ ဖေ ဖော်ဝါရီလနှင့် မတ်လ အပါအဝင်သုံးလ ပေါင်း၏ ယာဉ်မတော်တဆမှုပေါင်းမှာ ၄၀ ကြိမ်ရှိခဲ့ရာ သုံးလတာအတွင်း ယာဉ်မတော် တဆမှုများကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား ၄၇ ဦး၊ မ ၄၂ ဦး၊ ပေါင်း ၈၉ဦး၊ သေဆုံးသူ ကျား ၂၁ ဦး၊ မ ၉ ဦး၊ ပေါင်း ၃ဝဦးအထိရှိခဲ့ပြီး နှစ်လတာအတွင်း ယာဉ်မတော်တဆမှုများ ကြောင့် အမှုဖွင့်အရေးယူခဲ့သူ ကျား ၂၄ဦး၊ မ ၂ ဦး၊ ပေါင်း ၂၆ ဦးရှိခဲ့ကြောင်းသိရသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း၌ ယာဉ်မ တော်တဆမှုပေါင်း ၁၆၉ ကြိမ်ဖြစ်ပွား၍ ယာဉ်မတော်တဆမှုများကြောင့် သေဆုံး ၅၇ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၈ဝဦးအထိရှိခဲ့ပြီး၊တစ်လချင်းပျမ်းမျှယာဉ်မတော်တဆမှု နှုန်း ၁၄ ကြိမ်၊ တစ်လချင်းပျမ်းမျှလူသေဆုံး မှုမှာ ၄ ဦး၊ တစ်လချင်းပျမ်းမျှထိခိုက်ဒဏ်ရာ ရရှိမှုမှာ ၂၃ ဦးနှင့်တစ်လချင်းပျမ်းမျှ အရေး ယူထားသူ ဦးရေ ၁၉ ဦးရှိခဲ့ကြောင်းသိရသည်။

ဇော်ဝင်းချစ်(တောင်ငူ)

Most Read

Most Recent