သီရိဒေဝီ၏ English Vinglish ဇာတ်ကားကို တရုတ်နိုင်ငံတစ်ဝန်း ရုံတင်ပြသမည်

သီရိဒေဝီ၏ English Vinglish ဇာတ်ကားကို တရုတ်နိုင်ငံတစ်ဝန်း ရုံတင်ပြသမည်
Published 7 February 2023

ယခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်သည် ဂန္တဝင်အိန္ဒိရုပ်ရှင်မင်းသမင်းကြီး သီရိဒေဝီကွယ်လွန်မှု ငါးနှစ်ပြည့်နေ့ဖြစ်ပြီး ၎င်းကိုအောက်မေ့သောအားဖြင့် English Vinglish ဇာတ်ကားကို ဖေဖော်ဝါရီ ၂၄ ရက်တွင် တရုတ်နိုင်ငံတစ်ဝန်းရှိ ရုံပေါင်း ၆၀၀၀ ကျော်တွင် ရုံတင်ပြသသွားမည်ဖြစ်သည်။

English Vinglish ထွက်ထားသည်မှာ မနှစ်က အောက်တိုဘာ ၅ ရက်တွင် ၁၀ နှစ်သက်တမ်း ရှိသွားပြီဖြစ်သည်။ ယင်းဇာတ်ကားသည် ရုပ်ရှင်လောကမှ ၁၅ နှစ်ကြာ ကင်းကွာသွားသည့် သီရိဒေဝီကို ရုပ်ရှင်လောကသို့ ပြန်ဆွဲခေါ်ပေးခဲဲ့ပြီး အင်္ဂလိပ်စာအားနည်းမှုအပေါ် ခင်ပွန်းနှင့်သမီးဖြစ်သူတို့၏ သရော်မှုကို မခံလိုသည့်အတွက် အင်္ဂလိပ်စကားပြော သင်တန်းသွားတက်သည့် ရှာရှီဂေါ့ဘိုလေဇာတ်ကောင်သည် သီရိဒေဝီကို အကြီးအကျယ် အောင်မြင်စေခဲ့သည်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၅ ရက်က စတင်ရုံတင်ခဲ့ပြီး ရုပ်ရှင် ၁၀ နှစ်ပြည့်အမှတ်တရအဖြစ် English Vinglish အဖွဲ့က မနှစ်က အောက်တိုဘာ ၁၀ ရက်တွင်လည်း အထူးပွဲတစ်ခုကျင်းပကာ ဇာတ်ကားထဲ၌ မင်းသမီးကြီး ဝတ်ဆင်ခဲ့သည့် ဆာရီများကို လေလံတင်လိုက်သေးသည်။ တိုရန်တိုရုပ်ရှင်ပွဲတော်တွင် ပွဲဦးထွက်ပြသစဉ် ငါးမိနစ်ကြာ မတ်တတ်ရပ် လက်ခုပ်သြဘာပေးမှုရခဲ့သည့် ယင်းရုပ်ရှင်သည် ရိုက်ကူးမှုဘတ်ဂျက် ရူပီး ၁၀ ကုဋေကို များစွာကျော်ကာ ၁၀၂ ကုဋေအထိ ဝင်ငွေရခဲ့သည်။ သီရိဒေဝီသည် တူမင်္ဂလာဆောင်တက်ရန် ဒူဘိုင်းတွင် ရောက်နေစဉ် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဟိုတယ်ရေချိုးခန်းအတွင်း သေဆုံးနေခဲ့သည်။

Most Read

Most Recent