PTTEP က မြန်မာ့ကမ်းလွန်ရှိ ကမ်းလွန်လုပ်ကွက် M-9နှင့် M-3 တို့တွင် GTI Survery လုပ်ငန်းများ ဇူလိုင် ၅ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ဆောင်ရွက်မည်

PTTEP က မြန်မာ့ကမ်းလွန်ရှိ ကမ်းလွန်လုပ်ကွက် M-9နှင့် M-3 တို့တွင် GTI Survery လုပ်ငန်းများ ဇူလိုင် ၅ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ဆောင်ရွက်မည်
Published 9 July 2022

PTTEP က မြန်မာ့ကမ်းလွန်ရှိ ကမ်းလွန်လုပ်ကွက် M-9နှင့်M-3တို့တွင် Geotechnical Site Survery(GTI) and  Associated Studies လုပ်ငန်းများ ဇူလိုင် ၅ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက် ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ် M-9နှင့်M-3တို့တွင် Geotechnical Site Survery(GTI) and  Associated Studies လုပ်ငန်းများအား Survery Vessel:MV.DP2 Key field Helms ရေယာဉ်ဖြင့်ဆောင်ရွက်သွားမည့် တည်နေရာတို့ကိုလည်း ထုတ်ပြန်ထားသည်။

သို့ဖြစ်ရာ ကမ်းလွန်လုပ်ကွက်အမှတ် M-9နှင့်M-3တို့တွင် Geotechnical Site Survery(GTI) and  Associated Studies  လုပ်ငန်းများအား Survery Vessel:MV.DP2 Key field Helms ရေယာဉ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေး အတွက် အဆိုပါလုပ်ငန်းခွင်တည်နေရာများ မှ လေးကီလိုမီတာပတ်လည်အတွင်း ရေကြောင်းသတိပေးချက်ထုတ်ပြန်ကြေညာထားသဖြင့် သင်္ဘောကြီးငယ်များ၊ ကုန်တင် စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်းနှင့် ငါး ဖမ်းကိရိယာများ ချထားခြင်းမပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည်။               

ရန်ကုန်မြို့သို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရန် ကမ်းလွန်လုပ်ကွက် M-3နှင့်M-9 မှထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ ကျိုက်လတ်ဒေသတွင် မဂ္ဂါဝပ် ၆၀၀  ဓာတ်အားပေးစက်ရုံစီမံကိန်းကို PTTEP က ဒေါ်လာနှစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ခဲ့သည်။

PTTရေနံရှာဖွေရေးနှင့်ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလီမိတက်(PTTEP)သည် မြန်မာအစိုးရထံမှ စီမံကိန်းလုပ်ပိုင် ခွင့်ရရှိပြီးနောက် မြန်မာနိုင်ငံ၏ ပြည်တွင်း သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ သဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံစီမံကိန်း အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ယင်းစီမံကိန်းလုပ်ဆောင်ရခြင်းမှာ မြန်မာနိုင်ငံ၏ စွမ်းအင်ဖူလုံရေးအ တွက် ပံ့ပိုးပေးရန်နှင့် ကုမ္ပဏီ၏ရည်မှန်းချက်အတိုင်း စီးပွားရေးလုပ်ငန်းအသစ်များ ရှာဖွေသွားရန်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်က အဆိုပါ စီမံကိန်းအကောင် အထည်ဖော်ရန် Notice to Proceed ကို လက်မှတ်ခဲ့ ကြသည်။

စီမံကိန်း၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာနှစ်ဘီလျံခန့်ရှိပြီး စီမံကိန်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့တွင်တည် ဆောက်မည့် မဂ္ဂါဝပ် ၆၀၀ ဓာတ်အားပေးစက်ရုံ၊ ကံပေါက်-ဒေါ်ငြိမ်း-ကျိုက်လတ်မြို့များသို့ ချိတ်ဆက်သွယ်တန်းမည့် ကမ်းလွန် နှင့် ကုန်းတွင်းဓာတ်ငွေ့ပိုက်လိုင်းအသစ်(၃၈၀ ကီလိုမီတာခန့်)၊ ကျိုက်လတ်ဓာတ် အားပေးခွဲရုံမှ လှိုင်သာယာဓာတ်အားပေး ခွဲရုံသို့ ချိတ်ဆက်မည့် Transmission Line များ ပါဝင်သည်။ PTTEP အနေဖြင့်လည်း ၂၀၂၂ ခုနှစ်တွင် အဆိုပါစီမံကိန်းအတွက် အပြီးသတ်ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်အဆင့်သို့ ရောက်ရှိရန် ရည်မှန်းထားကြောင်းလည်း သိရသည်။

 

 

Most Read

Most Recent