၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သုံးလကျော်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၄၁ သန်းနီးပါးဖြစ်ပေါ်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် သုံးလကျော်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၄၁ သန်းနီးပါးဖြစ်ပေါ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုု  တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုု  တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 9 July 2022

၂၀၂၂-၂၃ ဘဏ္ဍာနှစ်၊သုံးလကျော်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၄၁ သန်းနီး ပါး ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

ကုန်သွယ်ရေးလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်ပမာဏ က ပို၍များနေခြင်းကို ဆိုလိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရေးဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန် သွယ်မှု နှစ်ခုလုံးဖြင့် ကုန်သွယ်ရေးဆောင် ရွက်နေခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၁ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၈၅၁၉ ဒသမ ၁၁၂ သန်းရရှိထားသည်။

အဆိုပါကာလအတွင်း စုစုပေါင်းပို့ ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၄၁၈၉ ဒသမ ၀၅၈ သန်းရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ် လာ ၄၃၃၀ ဒသမ ၀၅၄ သန်းအထိ ရှိသည်။

လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၁ ရက်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၌ ပို့ကုန်တင်ပို့မှုပမာဏသည် သွင်းကုန်တင်သွင်းမှုထက် ဒေါ်လာ ၁၄၀ ဒသမ ၉၉၆ သန်း လျော့ကျခဲ့သည်။ ထို့ကြောင့် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁၄၀ ဒသမ ၉၉၆ သန်းဖြစ်ပေါ်ခဲ့ ခြင်း ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် ဇူလိုင် ၁ ရက်အထိ ပင်လယ်ရေကြောင်းကုန်သွယ်မှု ဒေါ်လာ ၆၅၄၀ ဒသမ ၈၃၈ သန်းရရှိသည်။ ယင်းအ နက် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ၂၇၃၈ ဒသမ ၈၄၇ သန်းသာရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၃၈၀၁ ဒသမ ၉၉၁ သန်းရှိ သည်။

နယ်စပ်ကုန်သွယ်မှုတွင် ဒေါ်လာ ၁၉၇၈  ဒသမ ၂၇၄ သန်းရှိပြီး ယင်းအနက် ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၁၄၅၀ ဒသမ ၂၁၁ သန်းအထိရှိပြီး သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၅၂၈ ဒသမ ၀၆၃ သန်းသာရှိသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်အလိုက် ကုန်သွယ်ရေးလို ငွေ/ပိုငွေဖြစ်ပေါ်မှုများကို လေ့လာကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ငါးဘီလျံကျော်ရှိ ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံ ကျော်၊ ၂၀၁၈ ခုနှစ်ကြားကာလ ခြောက်လတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာတစ်ဘီလျံကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ  ဒေါ်လာတစ်ဘီလျံကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်ရှိခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent