နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ လာမည့် ဇူလိုင် ၂၂ ရက်မှစ၍ Boeing 737-800 NG လေယာဉ်ဖြင့် ပျံသန်းမည်

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ လာမည့် ဇူလိုင် ၂၂ ရက်မှစ၍ Boeing 737-800 NG လေယာဉ်ဖြင့် ပျံသန်းမည်
Published 9 July 2022

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းမြို့သို့ လာ မည့် ဇူလိုင် ၂၂ ရက်မှစတင်ကာ Boeingg 737-800NG လေယာဉ်ဖြင့် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။     

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းမြို့နှင့် သို့ ကိုရီးယားသမ္မတနိုင်ငံ၊ အင်ချွန်းမြို့များသို့ ခရီးစဉ်များ ပျံသန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းမြို့သို့  ၂၀၂၂ခုနှစ်၊ ဇူလိုင် ၄ရက်မှစတင်ကာ အပတ်စဉ် တနင်္လာ နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 မှပျံသန်းခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-ကူမင်းခရီးစဉ်အား UB-8006 အဖြစ် နံနက် ၁၁ နာရီတွင်လည်းကောင်း၊ ကူ မင်း -ရန်ကုန်ခရီးစဉ်အား UB-8006  အဖြစ် ၁၆း၁၀ တွင်လည်းကောင်း ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်းအနေနဲ့ ပြည်ပခရီးစဉ်တွေအနေနဲ့ တရုတ်၊ ကူမင်းကိုတိုးချဲ့ပြီး ပျံသန်း ခဲ့တာဖြစ်ပါတယ်။ နောက် ဗုဒ္ဓဂယာ  ဘုရားဖူး ရာသီမှာ ဂယာကိုလည်း ပျံသန်းဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဟောင်ကောင်နဲ့ ဒူဘိုင်းကိုလည်း ပျံသန်းနိုင်ဖို့ စီစဉ်နေပါတယ်။ ဟောင်ကောင်က လက်ရှိမှာ ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းအရ ပြေးဆွဲလို့မရသေးပါဘူး။ ဒါပေမဲ့လည်း သူတို့ဆီကနေ ဖြေလျှော့မှုတွေရှိလာရင် ပြန်လည်ပြေးဆွဲသွားမှာပါ။ ဒူဘိုင်းကို ပြေးဆွဲဖြစ်မယ်ဆိုရင် တစ်ပတ်ကိုနှစ်ခေါက်ပျံသန်း ဖို့စီစဉ်ထားပါတယ်”ဟုမြန်မာအမျိုးသားလေကြောင်း လိုင်း၏ စီအီးအိုဖြစ်သူ Captခုပ်ခန့်မုံ က ပြောကြားသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှား ခရီးစဉ် ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့် ပတ်သက်သော အချက်အလက်များကို Charter@flymna.com သို့ email ပေးပို့၍ အသေး စိတ်မေးမြန်းနိုင်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ၏ပြည်တွင်း ခရီးစဉ်များတွင် Mobile Application မှတစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ Online Check-in သည် ပြည်တွင်းခရီးစဉ်များအတွက်သာဖြစ်ပြီး လေယာဉ်ထွက်ခွာ ချိန်မတိုင်မီ ၂၄ နာရီမှ ၇၅ မိနစ်အတွင်း အချိန်မရွေး Online Check-in ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in ပြုလုပ်ပြီး ရရှိလာသော E-Boarding Pass အား Print ထုတ်ပြီး ယူဆောင်လာရမည်ဖြစ်သည်။ Mobile Application ကို App Store နှင့် Google Playstore တို့တွင် Download ပြုလုပ်ပြီး Mobile Application တွင် ခရီးစဉ်အချိန် ဇယားများရှာဖွေခြင်း၊ လေယာဉ်လက်မှတ်ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ် အချက်အလက်များစစ်ဆေးခြင်း၊ Online Check-in ပြုလုပ်ခြင်းနှင့် E-Boarding Pass ရယူခြင်းအစရှိသော ခရီးစဉ်ဆိုင်ရာဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။      

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်း လိုင်း၏ ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်းရန် ဒုတိယမြောက် Boeing 737-800 NG လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၂၇ ရက်ညနေပိုင်းက ရောက်ရှိခဲ့ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် ပြည်ပခရီးစဉ်များတွင် အားဖြည့် တိုးချဲ့ပျံသန်းသွားမည်ဖြစ်သည်။

လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်အား နေ့စဉ်၊ ရန်ကုန်-ကွာလာ လမ်ပူ-ရန်ကုန် ခရီးစဉ်အား အပတ်စဉ် အင်္ဂါနေ့တွင် လည်းကောင်း၊ ရန်ကုန်-ဘန်ကောက်- ရန်ကုန် ခရီးစဉ်အား နေ့စဉ်ပျံသန်းလျက်ရှိသည်။

Most Read

Most Recent