■ ဂါဘရီယဲလ်၏ အပြောင်းအရွှေ့အတွက် အာဆင်နယ်နှင့် ဂျူဗင်တပ်စ် ဆွေးနွေး

■ ဂါဘရီယဲလ်၏ အပြောင်းအရွှေ့အတွက် အာဆင်နယ်နှင့် ဂျူဗင်တပ်စ် ဆွေးနွေး
Photo: Getty Images
Photo: Getty Images
Published 20 May 2022

အာဆင်နယ်နှင့် ဂျူဗင်တပ်စ်အသင်းတို့ သည် ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်၏ အပြောင်းအရွှေ့အတွက် ဆွေးနွေးမှု ပြုလုပ်နေကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီတွင် အာဆင်နယ်အသင်း၌ ခြေစွမ်းပြနိုင်ခဲ့သည့် ဂါဘရီယဲလ်(၂၄ နှစ်)ကို ခေါ်ယူရန် စိတ်ဝင်စားသည့်အတွက် အားကစားဒါရိုက်တာ ချီရူဘီနီက လန်ဒန်သို့ လာရောက်ကာ အာဆင်နယ်အသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဂျူဗင်တပ်စ်အသင်းသည် ဂါဘရီယဲလ်ကို ခေါ်ယူရန် ဆန္ဒရှိသော်လည်း ငွေကြေးအသုံးပြုလိုခြင်းမရှိဘဲ အလဲအထပ်ပြုလုပ်ရန် ပိုမိုလိုလားသည့်အတွက် တေ့တေ့ဆိုင်ဆိုင်ဆွေးနွေးရန် အင်္ဂလန်သို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ 

ဂျူဗင်တပ်စ်အ သင်းသည် ဂါဘရီယဲလ်ကို ခေါ်ယူရန်အတွက် ကွင်းလယ်ကစားသမား အာသာ၊ မက်ကင်နီးနှင့် မွိုက်စ်ကိန်းတို့ကို အသုံးပြုကာ အလဲအထပ်ပြု လုပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

အာဆင်နယ်အသင်းကလည်း တိုက်စစ်ပိုင်းတွင် လာကာဇက်နှင့် အန်ကယ်တီယာတို့ကို ဆုံးရှုံးရမည့်အခြေအနေရှိနေသောကြောင့် မွိုက်စ်ကိန်းကို ပြန်လည်ခေါ်ယူအစားထိုးရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် လိုင်လီအသင်းထံမှ ပေါင်(၂၇)သန်းဖြင့် ခေါ်ယူထားသည့် ဂါဘရီယဲလ်အတွက် ပေါင်သန်း(၄၀) ကျော် အလိုရှိနေကြောင်း သိရသည်။

Most Read

Most Recent