နိုင်ငံခြား ငွေလဲကောင်တာများတွင် ဗဟိုဘဏ်စျေးနှုန်း သတ်မှတ်ချက်နီးပါးအတိုင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၇ ကျပ်ဝန်းကျင်ဖြင့် စျေးဖွင့်လှစ်

နိုင်ငံခြား ငွေလဲကောင်တာများတွင် ဗဟိုဘဏ်စျေးနှုန်း သတ်မှတ်ချက်နီးပါးအတိုင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၇ ကျပ်ဝန်းကျင်ဖြင့် စျေးဖွင့်လှစ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအား တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအား တွေ့ရစဉ်
Published 29 April 2022

၂၀၂၂ခုနှစ် ဧပြီ ၂၉ ရက်တွင် ငွေလဲကောင်တာများတွင် ဗဟိုဘဏ် စျေးနှုန်းသတ် မှတ်ချက်နီးပါးအတိုင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၈၅၇ ဝန်းကျင်ဖြင့် စျေး ဖွင့်လှစ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။     

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၈၅၇ ဝန်းကျင်ဖြင့် စျေးစတင်ဖွင့်လှစ်ခဲ့ သော်လည်း ငွေလဲကောင်တာအများစုတွင် ဒေါ်လာ ရောင်းချပေးခြင်းမရှိဘဲ ဝယ်ယူခြင်း သာရှိကြောင်း ငွေလဲကောင်တာများတွင် ဒေါ်လာသွားရောက် ရောင်းချသူများထံမှ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဒီဇင်ဘာလကုန် အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံ ခြားငွေစျေးပြိုင်လေလံဖြင့် ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိရောင်းချထားပြီး ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းအထိ စံချိန်တင်ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က ထုတ်ပြန်သည့်စာရင်း များအရ သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဗဟိုဘဏ်က ဒေါ်လာ ၁ ဒသမ ၈ သန်း ဝယ်ယူခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟို ဘဏ်က လအလိုက် ဒေါ်လာရောင်းချခဲ့မှု အနေဖြင့် ဖေဖော်ဝါရီလတွင် ဒေါ်လာ ၆ ဒသမ ၈ သန်း၊ မတ်လတွင် ရောင်းချမှုမရှိခဲ့ပေ။ ဧပြီလတွင် ဒေါ်လာ ၁၂ သန်း၊ မေလတွင် ဒေါ်လာ ၂၄ သန်းနှင့် ဇွန်လတွင် ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လတွင်ဒေါ်လာ  ၂၈ သန်း၊ စက်တင် ဘာလတွင် ဒေါ်လာ ၆၃ သန်း၊ အောက်တိုဘာ လတွင် ဒေါ်လာသန်း ၁၁၀၊ နိုဝင်ဘာလတွင် ဒေါ်လာ ၃၁ သန်းနှင့် ဒီဇင်ဘာလတွင် ဒေါ်လာ ၁၁၈ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၄၄၃ ဒသမ ၈ သန်းအထိ ရောင်းချခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီမှ ဒီဇင်ဘာလအထိ လအလိုက် ရောင်းဝယ်မှုပမာဏများမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ဒေါ်လာ ၃၉ ဒသမ ၅ သန်း၊ ဖေဖော်ဝါရီတွင် ဒေါ်လာ ၃၁ ဒသမ ၅ သန်း၊ မတ်တွင် ဒေါ်လာ ၂၁ သန်း၊ မေတွင် ဒေါ်လာ ၁၆ ဒသမ ၇ သန်း၊ ဇွန်တွင် ၃၉ ဒသမ ၁ သန်း၊ ဇူလိုင်တွင် ဒေါ် လာ ၃၁ ဒသမ ၁ သန်း၊ သြဂုတ်တွင် ဒေါ် လာ ၃၅ ဒသမ ၆ သန်း၊ စက်တင်ဘာတွင် ဒေါ်လာ ၄၄ ဒသမ ၂ သန်း၊ အောက်တိုဘာတွင် ဒေါ်လာ ၄၃ သန်း၊ နိုဝင်ဘာတွင် ဒေါ်လာတစ်သိန်း၊ ဒီဇင်ဘာလတွင် ဒေါ်လာ ၇ ဒသမ ၈ သန်း ဝယ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီတွင် ဒေါ် လာ ၂ ဒသမ ၇ သန်း၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဒေါ်လာသုံးသန်း ပြန် လည်ရောင်းချခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ ခုနှစ် ဧပြီ ၂၉ ရက်တွင် ဖြစ်ပေါ်သော အခြား နိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၂၁၅ဝကျပ်၊ စင်ကာ ပူဒေါ်လာ ၁၄၉၅ကျပ်၊ မလေးရှားရင်းဂစ် ၄၆၀ ကျပ်၊ ထိုင်းဘတ်၆ဝကျပ်၊ တရုတ် ယွမ်၃၁၆ကျပ်၊ ဂျပန်ယန်း ၁၉.၅ဝကျပ် တို့ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင် လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer-AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေ ခြင်းဖြစ်သည်။

 

 

Most Read

Most Recent