ကမာရွတ်မြို့နယ် ၅ ရပ်ကွက်တွင် ဒေါ်ပြားကြီးဆိုသူ သေနတ်အပစ်ခံရ၍ သေဆုံး

ကမာရွတ်မြို့နယ် ၅ ရပ်ကွက်တွင် ဒေါ်ပြားကြီးဆိုသူ သေနတ်အပစ်ခံရ၍ သေဆုံး
ကမာရွတ်မြို့နယ်၊ ၅ ရပ်ကွက်၊ အောင်သုခလမ်းအတွင်း ဒေါ်ပြားကြီး နာရေးအပြင်အဆင်အား တွေ့ရစဉ်။
ကမာရွတ်မြို့နယ်၊ ၅ ရပ်ကွက်၊ အောင်သုခလမ်းအတွင်း ဒေါ်ပြားကြီး နာရေးအပြင်အဆင်အား တွေ့ရစဉ်။
Published 9 November 2021

ကမာရွတ်မြို့နယ် ၅ ရပ်ကွက်၊ အောင်သုခလမ်းနှင့် ဆရာစံလမ်းထောင့်တွင် ဒေါ်မြင့်မြင့်အေး(ခေါ်) ဒေါ်ပြားကြီးဆိုသူသည် နိုဝင်ဘာ ၉ ရက် နံနက် ၅ နာရီခန့်က သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း အဆိုပါရပ်ကွက်နေသူများထံမှ သိရသည်။

ထို့ပြင် ဒေါ်ပြားကြီးစီးနင်းလာသည့် ဆိုက္ကားမှ မောင်းနှင်သူလည်း သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုခံယူနေရကြောင်း သိရသည်။

ဝက်သားရောင်းသူ ဒေါ်ပြားကြီးသည် ဆိုက္ကားဖြင့် ဝက်သားများ သယ်ဆောင်လာစဉ် အောင်သုခလမ်းနှင့်ဆရာစံလမ်းထောင့်အရောက်တွင် အမည်မသိသေနတ်ကိုင်ဆောင်သူက ၅ ချက်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ သေနတ်ပစ်သံကိုလည်း ကြားရကြောင်း အဆိုပါရပ်ကွက်နေသူများထံမှ သိရသည်။

အသက် ၅၆ နှစ်အရွယ် ဒေါ်ပြားကြီးသည် အောင်သုခလမ်းတွင်ပင် နေထိုင်ကြောင်း သိရပြီး ယင်းလမ်းအတွင်းရှိ ၎င်းနေအိမ်တွင် ‌နာရေးအပြင်အဆင်များ ပြုလုပ်ထားသည်ကို တွေ့ရသည်။

သေဆုံးသူ ဒေါ်ပြားကြီးသည် ရင်ညွှန့်တွင် ဒဏ်ရာရရှိခဲ့ပြီး ဆိုက္ကားသမားမှာ ဝမ်းဗိုက်နှင့် ပေါင်တို့တွင် သေနတ်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ကနေဦးသိရသည်။

Most Read

Most Recent