ကမ္ဘာ့ဖလား (၂)နှစ်တစ်ကြိမ် ကျင်းပပါက တောင်အမေရိက ယှဉ်ပြိုင်မည်မဟုတ်

ကမ္ဘာ့ဖလား (၂)နှစ်တစ်ကြိမ် ကျင်းပပါက တောင်အမေရိက ယှဉ်ပြိုင်မည်မဟုတ်
Photo: CONMEBOL
Photo: CONMEBOL
Published 29 October 2021

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်သည်  ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ် ကျင်းပမည်ဆိုပါက ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုကြေညာခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ်ကျင်းပရန် စီစဉ်နေပြီး ယင်းအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိရာ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က လက်ခံမည်မဟုတ်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က ''ဖီဖာရဲ့ အပြောင်းအလဲ ပြုလုပ်မယ့်အစီအစဉ်ဟာ ခိုင်မာမှုမရှိပါဘူး။ ကျွန်တော်တို့ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်(၁၀)နိုင်ငံကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ် ကျင်းပမယ်ဆိုရင် ပါဝင်မှာ မဟုတ်ပါဘူး''ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂)နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ရန် စည်းရုံးမှုများ လုပ်ဆောင်နေရာ ဥရောပဘောလုံးအဖွဲ့ချုပ်က ထိပ်ဆုံးမှ ဆန့်ကျင်နေသလို၊ တောင်အမေရိကဘောလုံးအ ဖွဲ့ချုပ်ကလည်း ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က လာမည့် ဒီဇင်ဘာလအတွင်း ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ရန် စီစဉ်နေသည်။

Most Read

Most Recent