တရုတ်နှင့် ဖြစ်ပွားမည့် စစ်ပွဲကို မိမိတို့ အစပြုမည်မဟုတ်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ပြောကြား

တရုတ်နှင့် ဖြစ်ပွားမည့် စစ်ပွဲကို မိမိတို့ အစပြုမည်မဟုတ်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ပြောကြား
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကိုချန်ကို ထိုင်ဝမ်ပါလီမန်တွင် တွေ့ရစဉ်
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကိုချန်ကို ထိုင်ဝမ်ပါလီမန်တွင် တွေ့ရစဉ်
Published 14 October 2021
Ref: Reuters

 

ထိုင်ဝမ်သည် တရုတ်နှင့်ဖြစ်ပွားမည့် စစ်ပွဲကို စတင်မည်မဟုတ်သော်လည်း စွမ်းအားအပြည့့်ဖြင့် မိမိကိုယ်ကိုယ် ကာကွယ်သွားမည်ဟု အောက်တိုဘာ ၁၄ ရက်တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကိုချန်က ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် နိုင်ငံတကာ၏ စိုးရိမ်မှုကိုဖြစ်ပေါ်စေခဲ့သော တင်းမာမှု များ မြင့်တက်လာချိန်တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက အထက်ပါအတိုင်း ပြောကြား လိုက်ခြင်း ဖြစ်သည်။

တိုက်ခိုက်ခံရပါက မိမိကိုယ်ကိုယ် ကာ ကွယ်သွားမည်ဟု တစ်ပိုင်းလျှပ်ကူးပစ္စည်းများ အဓိကထုတ်လုပ်သည့် ထိုင်ဝမ်က ထပ်တလဲ လဲ ပြောကြားထားသော်လည်း မိမိတို့အနေ ဖြင့် မဆင်မခြင်ပြုလုပ်မည်မဟုတ်ဘဲ တရုတ် နိုင်ငံနှင့် ပိုနေမြဲကျားနေမြဲအနေအထားကို ထိန်းထားလိုသည်ဟု ပြောကြားထားသည်။

“အရှင်းလင်းဆုံးအချက်ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ထိုင်ဝမ်) ဟာ စစ်ပွဲ ကို လုံးဝ စတင်လိမ့်မယ်မဟုတ်၊ ဒါမှမဟုတ် စစ်ပွဲကိုလုံးဝ အစပြုလိမ့်မယ်မဟုတ်ဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမဲ့ တပ်ရွှေ့တာ တွေရှိလာမယ်ဆိုရင် ကျွန်တော်တို့ဟာ ရန်သူ ကို စွမ်းအားအပြည့်နဲ့ ရင်ဆိုင်သွားမှာဖြစ်ပါ တယ်” ဟု ချူက ထိုင်ဝမ်၏တရားဝင်နာမည်ကို အသုံးပြုကာ ပါလီမန်ကော်မတီအစည်း အဝေးတွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို မိမိပိုင်နက်ဟု ပြောကြားထား သော တရုတ်နိုင်ငံနှင့် စစ်ရေးတင်းမာမှုများ သည် နှစ် ၄၀ ကျော်တွင် အဆိုးရွားဆုံးအနေ အထားဖြစ်နေသည်ဟု ချူက လွန်ခဲ့သော သီတင်းပတ်တွင် ပြောကြားခဲ့ပြီး တရုတ်သည် ၂၀၂၅ ခုနှစ်လောက်တွင် စွမ်းအားပြည့် ကျူး ကျော်မှုကို လုပ်ဆောင်နိုင်စွမ်း ရှိလာလိမ့်မည် ဟု ၎င်းင်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်က အောက်တိုဘာ ၁ ရက်မှစ တင်ကာ ထိုင်ဝမ်၏လေကြောင်းကာကွယ်ရေး ဇုန်ထဲသို့ လေကြောင်းဖြင့် အလုံးအရင်းကျူး ကျော်ဝင်ရောက်မှုကို လေးရက်ဆက်တိုက် လုပ်ဆောင်ခဲ့ပြီးနောက် ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ လေကြောင်းကာကွယ်ရေးဇုန်ထဲ သို့ ကျူးကျော်ဝင်ရောက်ခြင်းမှာ တရုတ်က စစ်ရေးအနှောင့်အယှက်ပေးမှုကို မြှင့်တင် ခြင်းဖြစ်သည်ဟုထိုင်ဝမ်ကရှုမြင်ထားသည်။

ပစ်ခတ်မှုများ မရှိခဲ့ဘဲ တရုတ်လေယာဉ် များသည် ထိုင်ဝမ်လေပိုင်နက်အတွင်း ပျံ သန်းခဲ့ကြကာ ထိုင်ဝမ်လေကြောင်းကာကွယ် ရေးဇုန်၏ အနောက်တောင်ထောင့်တွင် လှုပ် ရှားခဲ့ကြခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးချူက လွှတ်တော် အမတ်များရှေ့မှောက်တွင် ပြောကြားခြင်းမ ပြုမီ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန လွှတ် တော်သို့တင်သွင်းသော အစီရင်ခံစာတွင် တရုတ်တပ်ဖွဲ့များ ကျွန်းနှင့် နီးကပ်လွန်းလာ ပါက ပြင်းထန်သည့် တန်ပြန်ရေးအစီအမံ များကို လုပ်ဆောင်မည်ဟုသတိပေးခဲ့သည်။

လေယာဉ်များ လေထဲတွင် လောင်စာဖြည့်မှု အကန့်အသတ်ဖြစ်နေခြင်းက တရုတ် ၏စွမ်းရည်များကို အကန့်အသတ်ဖြစ်စေ သည်ဟု လွှတ်တော်အမတ်တစ်ဦး၏ သုံးသပ် ချက်ကို ချူးက သဘောတူခဲ့သည်။ ယင်းသို့ အကန့်အသတ်ဖြစ်နေခြင်းကြောင့် ထိုင်ဝမ် နှင့် ဖိလစ်ပိုင်ကို ပိုင်းခြားထားသော Bashi Channel ထဲသို့ တရုတ်၏ H-6 ဗုံးကြဲလေယာဉ်များ၊ Y-8 ရေငုပ်သင်္ဘောဖျက်သင်္ဘော နှင့်  ကင်းထောက်လေယာဉ်တို့သာ ဝင်ရောက် ပျံသန်းခဲ့ကြသည်ဟု ဆိုသည်။

တရုတ်တိုက်လေယာဉ်များမှာ တရုတ်ကမ်းရိုးတန်းနှင့် အလွန်နီးကပ်စွာ ပျံသန်းခဲ့ကြသည်ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့သော မြေပုံများအရ သိရသည်။   

Most Read

Most Recent