ယခင်လိုပါပဲလားဆိုပြီး ဝေဖန်ခံရသည့် နေပြည်တော်မှ မြေကွက်ရယူမှုများ

ယခင်လိုပါပဲလားဆိုပြီး ဝေဖန်ခံရသည့် နေပြည်တော်မှ မြေကွက်ရယူမှုများ
ပြည်​ထောင်စုအဆင့် အကြီးအကဲများအတွက် ​လျာထား​ဖော်​ဆောင်​နေသည် ဟုဆို​သော ဥတ္တရသီရိမြို့နယ်ရှိ ​မြေကွက်​များကို အ​ပေါ်စီးမှ ​တွေ့ရစဉ်
ပြည်​ထောင်စုအဆင့် အကြီးအကဲများအတွက် ​လျာထား​ဖော်​ဆောင်​နေသည် ဟုဆို​သော ဥတ္တရသီရိမြို့နယ်ရှိ ​မြေကွက်​များကို အ​ပေါ်စီးမှ ​တွေ့ရစဉ်
Published 28 December 2020
အောင်မင်းသိန်း

အစောပိုင်းကာလများတွင် ပြည်ထောင်စုအဆင့်တွင် တာဝန်ယူထားသည့် ပုဂ္ဂိုလ်များ၏ မြေကွက် လျှောက်ထားရယူမှုနှင့် ပတ်သက်၍ အမှန်တကယ် ရယူထားခြင်း ရှိ၊ မရှိ အပေါ် တိကျသေချာသည့် အဖြေမျိုးကို တာဝန်ရှိသူများက ဖြေကြားခဲ့ခြင်း မရှိသော်လည်း ဇူလိုင် ၁၇ ရက်တွင် နိုင်ငံတော် သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမ၌ ပြုလုပ်သည့် Press Briefing ၌ လက်ရှိအစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်နေသည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များထဲမှ မြေကွက်မရဖူးသေးသည့် ပုဂ္ဂိုလ်များအတွက် မြေကွက်များ ဖော်နေကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။



နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် မြေကွက်ယူထားသည့်ကိစ္စသည် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ခံပုဂ္ဂိုလ်တို့က ၎င်းတို့သဘောဆန္ဒအရ နေပြည်တော် စည်ပင်သာယာရေး ကော်မတီတွင် ကိုယ်တိုင်လျှောက်ထားပြီး ယူခြင်းမျိုးလား၊ တစ်ယောက်ယောက်က နေပြီးတော့ လျှောက်ထားပြီး ယူခြင်းမျိုးလားဆိုသည့် မေးမြန်းမှုကို “ကျွန်တော်တို့ ဒီအိမ်တော်မှာလုပ်တဲ့ Press Briefing မှာ ကျွန်တော် ပြောပြီးပါပြီ။ ယူထားတာမှန်တယ်။ သို့သော် အဲဒီချဲ့ကားပြီးတော့ Disinformation လုပ်သလောက်တော့ မများဘူး။ အဲဒါလည်း ကျွန်တော် အချက်အလက်နဲ့ ပြောထားပြီးသား ဖြစ်တယ်။ (ကိုယ်တိုင်လျှောက်ထားပြီး ယူတာပေါ့)။ ကျွန်တော် ပြောထားပြီးဖြစ်တယ်။ အဲဒါကိုပဲ ပြန်နားထောင်ပါ။ အဲဒီစကားရပ်က အတိအကျပါပဲ” ဟု ဦးဇော်ဌေးက ပြန်လည်ဖြေကြားခဲ့သည်။

 

Most Read

Most Recent