ဥရောပဘောလုံးသတင်းတိုများ

ဥရောပဘောလုံးသတင်းတိုများ
Photo: Getty Images
Photo: Getty Images
Published 12 November 2020

လီဗာပူးလ်အသင်းသည် ဒဏ်ရာကြောင့်ကာလရှည်အနားယူရမည့် အသင်း၏ နယ်သာလန်လက်ရွေးစင်နောက်ခံလူ ဗန်ဒိုက်အား ၂၀၂၃ ခုနှစ်မှ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း စာချုပ်သစ်ထပ်မံချုပ်ဆိုရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

စပါးအသင်းသည် ဘွန်ဒစ်လီဂါထိပ်သီးကလပ် လိုက်ပ်ဇစ်အသင်း၏ သြစတြီးယားကွင်းလယ်လူ ဆာဘစ်ဇာအား ပေါင် (၅၄)သန်းဝန်းကျင်ဖြင့် ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်းသိရှိရသည်။

PSG အသင်းသည် အဲဗာတန်အသင်းထံမှ အငှားဖြင့်လာရောက်ကစားနေပြီး ခြေစွမ်းပြလျက်ရှိသည့် အီတလီလူငယ်ကြယ်ပွင့် တိုက်စစ်မှူး မွိုက်စ်ကိန်းအား အပြီးသတ်ခေါ်ယူရန် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရှက်ဖီးယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ခရစ္စဝိုင်လ်ဒါက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် နောက်ခံအတွင်းလူ နေရာအတွက် အားဖြည့်ပြင်ဆင်ရန် ကြိုးပမ်းသွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။

ဝက်စ်ဟမ်းအသင်းသည် ချယ်လ်ဆီးအသင်းထံမှ ထွက်ခွာရန် စီစဉ်နေသည့် ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးအား လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ ကာလတွင် ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။

ဘာစီလိုနာအသင်း၏ လူငယ်နောက်ခံလူ ဆာဂျီညိုဒက်စ်က ချယ်လ်ဆီးအသင်း၏ အမေရိကန်လက်ရွေးစင်အသင်းဖော် တိုက်စစ်မှူး ပူလီဆစ်သည် ထိန်းချုပ်ရပ်တန့်ရန် အလွန်ခက်ခဲသည့်ကစားသမားဟု ချီးကျူးခဲ့သည်။

နယ်သာလန်ဂန္ထဝင်တိုက်စစ်မှူး ရွိုင်းမက်ကေးက လိုင်ယွန်တိုက်စစ်ကစားသမားဒီပိုင်းအား ခေါ်ယူရန် ကြိုးပမ်းနေသည့် ဘာစီလိုနာအသင်း၏ လုပ်ရပ်အားထောက်ခံခဲ့ကြောင်း သိရှိရသည်။

အီတလီအသင်းနည်းပြ မန်စီနီက COVID-19 ကြောင့် သူအနားယူနေစဉ်အတွင်း အက်စ်တိုးနီးယားအသင်းကို ဂိုးပြတ်အနိုင်ကစားခဲ့သည့် အီတလီအသင်းအား ချီးကျူးပြောကြားခဲ့သည်။

Most Read

Most Recent