နည်းပြ အီယာချီနီကို ဖီအိုရင်တီးနားအသင်း ရာထူးမှထုတ်ပယ်ခဲ့ပြီးနာမည်ကြီးနည်းပြ ပရင်ဒယ်လီကို ပြန်လည်ခန့်အပ်

နည်းပြ အီယာချီနီကို ဖီအိုရင်တီးနားအသင်း ရာထူးမှထုတ်ပယ်ခဲ့ပြီးနာမည်ကြီးနည်းပြ ပရင်ဒယ်လီကို ပြန်လည်ခန့်အပ်
Photos : Getty Images
Photos : Getty Images
Published 11 November 2020

ဖီအိုရင်တီးနားအသင်းသည် အသင်းနည်းပြဖြစ်သူ အီယာချီနီကို ရာထူးမှထုတ်ပယ်ပြီးနောက် အသင်းနည်းပြဟောင်းဖြစ်သူ ပရင်ဒယ်လီကို ပြန်လည်ခန့်အပ်ခဲ့ကြောင်းသိရသည်။

ပရင်ဒယ်လီသည် ဖီအိုရင်တီးနားအသင်းကို ၂၀၀၅ မှ ၂၀၁၀ ခုနှစ်အထိ ငါးနှစ်တိုင် ကိုင်တွယ်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် နှစ်ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ 

အသက် ၆၃ နှစ်အရွယ်ရှိ ပရင်ဒယ်လီအနေဖြင့် အီတလီလက်ရွေးစင်အသင်းကို ကိုင်တွယ်ရန်အတွက် ဖီအိုရင်တီးနားအသင်းကို စွန့်ခွာခဲ့ပြီး ၂၀၁၀ ကမ္ဘာ့ဖလား၌ အုပ်စုအဆင့်မှထွက်ခဲ့ရသည့် အီတလီအသင်းကို ယူရို -၂၀၁၂ ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်အောင် ကူညီပေးခဲ့သူဖြစ်သည်။ 

"ပြီးခဲ့တဲ့ရာသီက အခက်ခဲဆုံးအချိန်တွေမှာ ကလပ်အသင်းကို ဆွဲတင်ပြီး လမ်းညွှန်မှုပေးခဲ့တဲ့ အီယာချီနီကို ပုဂ္ဂိုလ်ရေးအရ ကျေးဇူးတင်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အသင်းရဲ့ရလဒ်တွေက အပြောင်းအလဲလုပ်ရတော့မှာမိုလို့ပါ" ဟု အသင်းဥက္ကဋ္ဌ ကွန်မစ်ဆိုက ပြောကြားခဲ့သည်။ 

ဖီအိုရင်တီးနားအသင်းသည် လက်ရှိရာသီ၏ ရာသီအဖွင့်ပွဲစဉ် ခုနစ်ပွဲတွင် နှစ်ပွဲသာ အနိုင်ရရှိထားခဲ့သည်။

Most Read

Most Recent