ပို့ကုန်သွင်းကုန် လုပ်ငန်း ကုမ္ပဏီ ၁၀၄၈ ခု၏ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကို သက်တမ်း ယာယီတိုးမြှင့်ပေးထားကြောင်း စီးပွား/ကူးသန်း ထုတ်ပြန်

ပို့ကုန်သွင်းကုန် လုပ်ငန်း ကုမ္ပဏီ ၁၀၄၈ ခု၏ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကို သက်တမ်း ယာယီတိုးမြှင့်ပေးထားကြောင်း စီးပွား/ကူးသန်း ထုတ်ပြန်
Published 28 September 2020

ပို့ကုန်သွင်းကုန်လုပ်ငန်းကုမ္ပဏီ ၁၀၄၈ ခု၏ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကို သက်တမ်း ယာယီတိုးမြှင့်ပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန်လိုက်သည်။

COVID-19ကြောင့် စီးပွားရေးလုပ် ငန်းများ ထိခိုက်မှုလျော့နည်းသက်သာစေရန် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်များ အား ၂၀၂၀ ပြည့်နှစ် နှစ်ကုန်အထိ ယာယီ သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

COVID-19ကြောင့် စီးပွားရေးလုပ် ငန်းများထိခိုက်မှု လျော့နည်းသက်သာစေရန် နှင့် ရုံးလုပ်ငန်းများတွင် လူအချင်းချင်းထိတွေ့ ဆောင်ရွက်မှုများအား လျှော့ချနိုင်ရန်အ တွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်၂၀၂ဝပြည့်နှစ် စက် တင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အတွင်း သက်တမ်းကုန်ဆုံးမည့် ပို့ကုန်သွင်းကုန်လုပ် ငန်းရှင်မှတ်ပုံတင်များအား ကုမ္ပဏီလုပ်ငန်း ရှင်များ၊ ကိုယ်စားလှယ်များအနေဖြင့် ရုံးသို့ ကိုယ်တိုင်လာရောက်လျှောက်ထားရန် မလို အပ်ဘဲ Registration စနစ်မှ  လာမည့်ဒီဇင် ဘာ ၃၁ ရက်အထိ သက်တမ်းယာယီတိုးမြှင့် ပေးခြင်းအား ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း သိရသည်။

ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ် များအနေဖြင့် ရုံးသို့ ကိုယ်တိုင်လာရောက် လျှောက်ထားရန်မလိုအပ်ဘဲ ဌာနအနေဖြင့် Registration  စနစ်မှ ဆောင်ရွက်ပေးခြင်းဖြစ် ၍ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် သက်တမ်းတိုးကတ်ကိုလည်း ထုတ်ပေးမည်မ ဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ယင်းသို့ဆောင်ရွက်ရာတွင် ယာယီ သက်တမ်းတိုးလာရောက်လျှောက်ထားပါက သတ်မှတ်သက်တမ်းငါးနှစ်တွင် ယာယီတိုး ပေးထားသည့် သက်တမ်းကာလအား ထည့် သွင်းတွက်ချက် ဆောင်ရွက်ပေးသွားမည်ဖြစ် ပြီး သက်တမ်းတိုးကြေးအား သတ်မှတ်နှုန်း ထားအတိုင်း ကောက်ခံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

COVID-19 ကြောင့် ထိခိုက်မှုရှိသည့် လုပ်ငန်းများ ထိခိုက်မှုလျော့နည်းသက်သာ ရေးအတွက် ချက်ချင်းဆောင်ရွက်ပေးရမည့် ကိစ္စများ အချိန်နှင့် တပြေးညီဆောင်ရွက်နိုင် ရန် Help Desk ကို နေ့စဉ်ဖွင့်လှစ်ဆောင် ရွက်ပေးနေကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် တည်ရှိသော Myanmar International Trade Center တွင် Help Desk ကို ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ပြည်ပမှ ဆေးဝါးနှင့် ဆေးပစ္စည်းများ လှူဒါန်းလိုမှုများအတွက်လည်း လွယ်ကူစွာ တင်သွင်းနိုင်ရေး ကျန်းမာရေးဝန်ကြီးဌာန နှင့် အားကစားဝန်ကြီးဌာနနှင့်ညှိနှိုင်းပြီး လို အပ်သော တင်သွင်းခွင့်ထောက်ခံချက်များ ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိသည်။

လိုင်စင်ခွင့်ပြုထုတ်ပေးခြင်းနှင့်ပတ်သက်သည့်ကိစ္စရပ်များကိုလည်းကောင်း၊ တင်သွင်းလိုသည့် ပစ္စည်းများအတွက် သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုအပ်မှုရှိ မရှိ ကိုလည်းကောင်း ကုန်သွယ်ရေးဦးစီးဌာန Help Desk အဖွဲ့၊ ၀၁-၈၃၇၇၁၀၁၊ ၀၁- ၈၃၇၇၁၀၇ တို့သို့ ဆက်သွယ်စုံစမ်းနိုင် ကြောင်း သိရသည်။

Most Read

Most Recent