ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် ခုနစ်ဦးအား ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုက ကျပ်သိန်းပေါင်း ၅၀၀၀၀ ရလိုမှုဖြင့် တရားမမှုဖြင့် စွဲဆိုထားမှု လေးကြိမ်မြောက်ရုံးချိန်း၌ စွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ ရုံးတော်က ငြင်းချက်များ ထုတ်​နုတ်​ခဲ့

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် ခုနစ်ဦးအား ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုက ကျပ်သိန်းပေါင်း ၅၀၀၀၀ ရလိုမှုဖြင့် တရားမမှုဖြင့် စွဲဆိုထားမှု လေးကြိမ်မြောက်ရုံးချိန်း၌ စွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ ရုံးတော်က ငြင်းချက်များ ထုတ်​နုတ်​ခဲ့
တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)
တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)
Published 15 June 2020

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် ခုနစ်ဦးအား ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုက အထွေထွေလျော်ကြေးငွေကျပ် သိန်းပေါင်း  ၅၀၀၀၀ ရလိုမှုဖြင့် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားမမှုဖြင့် စွဲဆိုထားမှု လေးကြိမ်မြောက် ရုံးချိန်း၌ စွဲဆိုထားသည့်အမှုနှင့် ပတ်သက်၍ ရုံးတော်က ငြင်းချက်များ ထုတ်​နုတ်​ခဲ့ပြီး လာမည့်ရုံးချိန်း၌ အဆိုပါငြင်းချက်​များအနက် သုံးချက်အတွက် နှစ်ဖက်လျှောက်လဲချက် ကြားနာမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့ ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းအား တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ပဏီကို တည်ဆောက်မှုလုပ်ငန်း ရပ်ဆိုင်းစေခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းရပ်ဆိုင်းခြင်းခံရသည့် Super Local ကုမ္ပဏီက ယင်းလုပ်ငန်း ရပ်ဆိုင်းစေခဲ့မှုကြောင့် ကုမ္ပဏီ၏ ဆုံးရှုံးမှုများအပေါ် အထွေထွေ လျော်ကြေးငွေကျပ် သိန်း ၅၀၀၀၀ ရလိုမှုဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအရာရှိ ခုနစ်ဦးအား တရားစွဲဆိုရန် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်၌ ပြီးခဲ့သည့် မတ် ၁၂ ရက်က တရားမမှုအဆိုလွှာကို တင်ခဲ့ပြီး မတ် ၂၄ ရက်တွင် အဆိုလွှာအပေါ် တိုင်းဒေသကြီး တရားလွှတ်တော်က စိစစ်လက်ခံခဲ့ပြီးနောက် လေးကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဇွန် ၁၂ ရက်တွင် အမှုနှင့်ပတ်သက်၍ ရုံးတော်ကငြင်းချက် ခြောက်ချက်ကို ထုတ်​နုတ်​ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ယ​နေ ့၂၀၂၀ ပြည်​့နှစ်​ ဇွန်​ ၁၂ ရက်​​ တနင်္သာရီတိုင်​း​ဒေသကြီး တရားလွှတ်​​တော်​ တရားမကြီးအမှုအမှတ်​ (၁/၂၀၂၀) Super Local Engineering ကုမ္ပဏီ ၎င်း၏ကိုယ်စား မန်​​နေဂျင်​းဒါရိုက်​တာ ဦးတင်​ထွန်​းက တရားလိုပြုလုပ်​၍ ပြည်​​ထောင်​စုဝန်​ကြီး (ကျန်းမာရေးနဲ ့အားကစားဝန်ကြီးဌာန)၊ ဝန်ကြီးချုပ် (တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့) ပါ ခုနစ်ဦးအ​ပေါ်​ ငွေကျပ်သိန်း ၅၀၀၀၀ ရလို​ကြောင်​း စွဲဆိုမှုမှာ တရားရုံးက ရုံးငြင်​းချက်​များ ထုတ်​နုတ်​ခဲ့ပါတယ်​။ ယ​နေ့ ရုံးချိန်​းဟာ လေးကြိမ်​​မြောက်​ ရုံးချိန်​းဖြစ်​ပါတယ်​။ ရုံးငြင်​းချက်​များ ထုတ်​နှုတ်​တဲ့အဆင့်သာ ရှိ​သေးလို ့မည်​သူ့ကိုမျှ မစစ်​​ဆေး​သေးပါဘူး။​ နောက်​ထပ်​ ရုံးချိန်​းကို ၂၀၂၀ ပြည်​့နှစ်​ ဇွန်​ ၂၆ ရက်​ကို ချိန်​းဆိုထားပါတယ်​​။ အဲဒီရုံးချိန်​းမှာ ထုတ်​နှုတ်​ထားတဲ့ ငြင်​းချက်​အမှတ်​  ၃၊ ၄၊ ၅ တို့မှာ ဥပ​ဒေငြင်​းချက်​များဖြစ်​၍ ၎င်းတို့ကို ပဏာမငြင်​းချက်​အဖြစ်​ သတ်​မှတ်​ပြီး ဦးစွာ နှစ်​ဖက်​​လျှောက်လဲကြားနာရန်​ ချိန်းဆိုထားခြင်​း ဖြစ်​ပါတယ်”ဟု တိုင်းဒေသကြီး တရားလွှတ်တော်မှ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးဇော်မင်းနိုင်က ထားဝယ်အခြေစိုက် မီဒီယာများကို ဖြေကြားသည်။

ယင်​းသို့ ရုံး​တော်​မှ ထုတ်​နုတ်​ထားသည့်  ငြင်​းချက်​ ခြောက်ချက်​အနက်​ ဥပ​ဒေငြင်​းချက်​ သုံးချက်​အတွက်​ နှစ်ဖက်​​လျှောက်​လဲချက်​ ကြားနာပြီးပါက ယင်​းအချက်​ သုံးချက်​နှင်​့ပတ်​သက်​၍ အမိန့်တစ်ရပ်​ ချမှတ်​သွားမည်​ဖြစ်​​ကြောင်​း သိရသည်။​​

ဥပ​ဒေငြင်​းချက်​ဆိုသည်​မှာ တရားလိုဘက်​က​ လျှောက်​ထားစွဲဆိုသည်​့ အချက်​များနှင်​့ တရားပြိုင်​ဘက်​က ပြန်လည်​​ချေပသည်​့ အချက်​များအ​ပေါ်တွင်​ အ​ကြောင်​းအခြင်​းအရာအရ မဟုတ်​ဘဲ ဥပ​ဒေ​ကြောင်​းအရ​ ဖြေရှင်းရမည်​့ အငြင်​းပွားထွက်​​ပေါ်လာသည်​့ အ​ကြောင်​းအချက်​များ ဖြစ်​​ကြောင်​း၊ အမှုသည်​များအ​နေဖြင်​့ယင်းအတွက်​ ​သက်​​သေထူရန်​ မလိုအပ်​ဘဲ ဥပ​ဒေ​ကြောင်​းအရ ကနဦး အဆုံးအဖြတ်​​ပေးနိုင်​သည်​့ အချက်များဖြစ်​​ကြောင်​း ဦးဇော်မင်းနိုင်က ပြောကြားသည်။

Super Local ကုမ္ပဏီက တရားမမှုဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် တရားပြိုင်များမှာ  ပြည်ထောင်စုဝန်ကြီး (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန)၊ဝန်ကြီးချုပ် (တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ ့)၊ ဝန်ကြီး (လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့)၊ အတွင်းရေးမှူး (တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့)၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ နေပြည်တော်)၊ ဦးစီးမှူး(တိုင်းဒေသကြီးကုသရေးဌာန၊ ထားဝယ်မြို့)နှင့် မြို့နယ် ကုသရေးဦးစီးဌာန (ကုသရေးဦးစီးဌာန၊ပြည်သူ့ဆေးရုံ၊ သရက်ချောင်းမြို့)တို ့ဖြစ်သည်။

Most Read

Most Recent