၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအပေါ် အခွန်အကောက်ရရှိမှုအနေဖြင့် တင်သွင်းမှုအစီးရေ ၁၀၀၉၇ စီးမှ ကျပ် ၉၁ ဘီလျံကျော် ကောက်ခံရရှိ

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအပေါ် အခွန်အကောက်ရရှိမှုအနေဖြင့် တင်သွင်းမှုအစီးရေ ၁၀၀၉၇ စီးမှ ကျပ် ၉၁ ဘီလျံကျော် ကောက်ခံရရှိ
  ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များကို သီလဝါဆိပ်ကမ်း၌ တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်များကို သီလဝါဆိပ်ကမ်း၌ တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 17 March 2020
နီလာ

၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအပေါ် အခွန်အကောက်ရရှိမှုအနေဖြင့် တင်သွင်းမှုအစီးရေ ၁၀၀၉၇ စီးမှ ကျပ် ၉၁ ဘီလျံကျော်ကောက်ခံရရှိခဲ့ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ သိရသည်။

ဘဏ္ဍာနှစ်အလိုက် ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအပေါ် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်နှင့် ကြိုတင်ဝင်ငွေခွန်ကောက်ခံရရှိမှုအနေဖြင့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာတွင် တင်သွင်းမှုအစီးရေ ၁၂၃၄၄၃ စီးအတွက် အကောက်ခွန်ကျပ် ၁၈၀ ဒသမ ၀၁၄ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၂၉ ဒသမ ၈၈၆ ဘီလျံ၊ ကြိုတင်ဝင်ငွေခွန် ကျပ် ၃၁ ဒသမ ၂၉၄ ဘီလျံဖြင့် စုစုပေါင်း ကျပ် ၃၄၁ ဒသမ ၁၉၄ ဘီလျံရရှိခဲ့ကြောင်း သိရသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပမှ မော်တော်ယာဉ်အစီးရေ ၁၀၇၄၆၉ စီး တင်သွင်းမှုအတွက် အကောက်ခွန်ကျပ် ၁၆၉ ဒသမ ၈၉၀ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၀၆ ဒသမ ၁၄၂ ဘီလျံ၊ အထူးကုန်စည်ခွန် ၁၄၆ ဒသမ ၀၃၃ ဘီလျံ၊ ကြိုတင်ဝင်ငွေခွန် ကျပ် ၂၈ ဒသမ ၀၅၈ ဘီလျံဖြင့် စုစုပေါင်း ၄၅၀ ဒသမ ၁၂၃ ဘီလျံကောက်ခံရရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပမှ မော်တော်ယာဉ်အစီးရေ ၇၀၅၁၉ တင် သွင်းမှုအတွက် အကောက်ခွန်ကျပ် ၁၁၆ ဒသမ ၀၀၆ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ်  ၆၄ ဒသမ ၂၁၄ ဘီလျံ၊ အထူးကုန်စည်ခွန် ကျပ် ၁၀၇ ဒသမ ၆၉၂ ဘီလျံ၊ ကြိုတင်ဝင်ငွေခွန်ကျပ် ၂၂ ဒသမ ၁၃၁ ဘီလျံဖြင့် စုစုပေါင်း ကျပ် ၃၁၀ ဒသမ ၀၄၃ ဘီလျံကောက်ခံ ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ကြားကာလခြောက်လအတွင်း ပြည်ပမှ မော်တော်ယာဉ်အစီးရေ ၃၅၆၁၄ စီး တင်သွင်းမှုအတွက် အကောက်ခွန်ကျပ် ၃၄ ဒသမ ၆၃၂ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ၁၃ ဒသမ ၂၀၃ ဘီလျံ၊ အထူးကုန်စည်ခွန်ကျပ် ၃၁ ဒသမ ၅၄၆ ဘီလျံ၊ ကြိုတင်ဝင်ငွေခွန်ကျပ် ၆ ဒသမ ၅၂၅ ဘီလျံဖြင့် စုစုပေါင်း ၈၅ ဒသမ ၉၀၆ ဘီလျံကောက်ခံ ရရှိခဲ့ကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ပမှ မော်တော်ယာဉ်အစီးရေ ၁၀၀၉၇ စီးတင်သွင်းထားပြီး အကောက်ခွန်ကျပ် ၃၉ ဒသမ ၀၉၆ ဘီလျံ၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၉ ဒသမ ၃၅၂ ဘီလျံ၊ အထူးကုန်စည်ခွန် ကျပ် ၂၈ ဒသမ ၈၅၈ ဘီလျံ၊ ကြိုတင်ဝင်ငွေခွန် ကျပ် ၃ ဒသမ ၇၇၁ ဘီလျံဖြင့် စုစုပေါင်း ကျပ် ၉၁ ဒသမ ၀၇၇ ဘီလျံကောက်ခံရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် အခွန်ကောက်ခံရရှိမှုပမာဏများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ် ၁၆၈၃ ဘီလျံ၊ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ် ၃၃၇၃ ဘီလျံ၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ် ၄၄၅၉ ဘီလျံ၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ကျပ် ၆၅၁၈ ဘီလျံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၆၃၁၅ ဘီလျံ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁၂၂ ဘီလျံ၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ကျပ် ၇၄၂၃ ဘီ လျံ၊ ၂၀၁၈ ဧပြီ-စက်တင်ဘာ ခြောက်လတာကြားကာလတွင် ကျပ် ၂၇၉၂ ဘီလျံ၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၇၇၉၁ ဘီလျံကောက်ခံနိုင်ခဲ့သည်။

ငါးနှစ်အတွင်း ရွှေထည်လက်ဝတ်ရတနာများ ရောင်းချခြင်းမှ ကုန်သွယ်လုပ်ငန်း ခွန်ကောက်ခံရရှိမှု ကျပ် ၁၅ ဒသမ ၄၇၁ ဘီလျံရှိြ့ပီး ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ၆ ဒသမ ၇၂၂ ဘီလျံဖြင့် အများဆုံးဖြစ်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီမှ  ထုတ်ပြန်ချက်အရသိရသည်။              

Most Read

Most Recent