ပြည်နယ်နှင့်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီများက သုံးလကျော်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုအတည်ပြုပေးခဲ့သည့်လုပ်ငန်း ၃၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀၇ သန်းကျော်အပါအဝင် ကျပ် ၆၁၆ ဒသမ ၂ ဘီလျံရှိ

ပြည်နယ်နှင့်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီများက သုံးလကျော်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုအတည်ပြုပေးခဲ့သည့်လုပ်ငန်း ၃၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀၇ သန်းကျော်အပါအဝင် ကျပ် ၆၁၆ ဒသမ ၂ ဘီလျံရှိ
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 19 January 2020
နီလာ

ပြည်နယ်နှင့်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီများက သုံးလကျော်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုအတည်ပြုပေးခဲ့သည့်လုပ်ငန်း ၃၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၀၇ သန်းကျော် အပါအဝင် ကျပ် ၆၁၆ ဒသမ ၂ ဘီလျံရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးသန့်စင်လွင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀) အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၁၁ သန်းအပါအဝင် ကျပ် ၆၇ ဘီလျံ ခွင့်ပြုပေးခဲ့ပါတယ်။ အဆိုပါ လုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၀၁၉ ဦးဖြစ်ပါတယ်။ အဆိုပါလုပ်ငန်းများမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အဆိုပြုလုပ်ငန်းတစ်ခု၊ အတည်ပြုလုပ်ငန်း နှစ်ခု၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခု၊     တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခုတို့ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးသန့်စင်လွင်က ပြောကြားခဲ့သည်။

အဆိုပါလုပ်ငန်းကဏ္ဍများမှာ စက်မှုကဏ္ဍနှစ်ခု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတစ်ခု၊ လယ်ယာကဏ္ဍတစ်ခုနှင့် အခြားကဏ္ဍမှတစ်ခုဖြစ်ကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁၉ သန်းကျော် အပါအဝင် ကျပ် ၆၃၈ ဘီလျံကျော် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု၊ အတည်ပြုပေးခဲ့မှုမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၆ ခု၊ ဒေါ်လာ ၁၀၂ ဒသမ ၃၆၀ သန်း အပါအဝင် ကျပ် ၅၄၉၁၄၅ ဒသမ ၁၈၀ သန်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၁၉ ဒသမ ၀၄၇ သန်း အပါအဝင် ကျပ် ၆၃၈၀၃၇ ဒသမ ၃၈၄ သန်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က ခွင့်ပြု ၊ အတည်ပြုပေးခဲ့သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁၃ သန်းကျော်အပါအဝင် ကျပ် ၆၂၅ ဘီလျံကျော်ရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၁၉) အပါအဝင် ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းသုံးခု၊ အတည်ပြုလုပ်ငန်းလေးခု ခွင့်ပြုခဲ့သည်။

အဆိုပါလုပ်ငန်းများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အဆိုပြုလုပ်ငန်းသုံးခု၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ အတည်ပြုလုပ်ငန်း တစ်ခု၊  ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းနှစ်ခုနှင့် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခု စုစုပေါင်းခုနစ်ခု ခွင့်ပြုပေးခဲ့သည်။

အဆိုပါလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁ ဒသမ ၄၈၆ သန်းအပါအဝင် ကျပ် ၂၆၉၃၁၃ ဒသမ ၈၉၈ သန်း ဖြစ်သည်။ အဆိုပါ လုပ်ငန်းမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၄၆၇ ဦးကို ဖန်တီးပေးမည်ဖြစ်သည်။ ခွင့်ပြု/အတည်ပြု လုပ်ငန်းခုနစ်ခုမှာ စက်မှုကဏ္ဍမှနှစ်ခု၊ ဟိုတယ်ကဏ္ဍမှ နှစ်ခု၊ အိမ်ရာအဆောက်အအုံကဏ္ဍမှ နှစ်ခုနှင့် မွေး/ရေကဏ္ဍမှ တစ်ခုဖြစ်သည်။

Most Read

Most Recent