လီဗာပူးလ်အသင်းတွင် နောက်ခံလူများ ဒဏ်ရာပြဿနာ ရင်ဆိုင်နေရသော်လည်း နည်းပြ ယာဂန်ကလော့ပ်က ကစားသမားသစ်ခေါ်ယူရန် အစီအစဉ်မရှိကြောင်း ပြော ကြားသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ထိပ်ဆုံးနေရာရပ်တည်လျက်ရှိသည့် မန်စီးတီး၊ လီဗာပူးလ်နှင့် စပါးအသင်းသည် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် ကစားသမားသစ်ခေါ်ယူအားဖြည့်ဖွယ်မရှိကြောင်း သိရသည်။
မန်စီးတီးအသင်းတွင် ဘယ်နောက်ခံလူ မန်ဒီ (ဒူးဒဏ်ရာ)၊ ညာနောက်ခံလူ ဒန်နီလို (ခြေထောက်ဒဏ်ရာ)၊ ခံစစ်အတွင်းလူ မန်ဂါလာ(ဒူးဒဏ်ရာ) နှင့် ဂိုးသမား ဘရာဗို (ခြေဖနောင့်ဒဏ်ရာ) တို့ ကာလရှည်အနားယူ နေရပြီး အားထားရသည့် ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗား(တံကောက်ကြောဒဏ်ရာ)မှာလည်း ဇန်နဝါရီလဆန်းမှသာ ပြန်လည် ကစားနိုင်ဖွယ်ရှိနေသည်။
သို့သော် အဂွဲရိုး၊ ဒီဘရိုင်းနားတို့ ပြန်လည်သက်သာလာပြီး ဒီဘရိုင်းနားမှာ ဒီဇင်ဘာ ၁၅ ရက်က အဲဗာ တန်အသင်းနှင့်ပွဲ၌ ပထမဆုံးအကြိမ် လူစားဝင်ရောက်ကစားခဲ့သည်။
သို့ဖြစ်ရာ ဇန်နဝါရီ တွင် အက်သလက်တီကိုအသင်းကွင်းလယ်လူ ဆာအူလ်နီဂွက်ဇ်အား ခေါ်ယူရန် ကြိုးပမ်း နေသည့်သတင်းများနှင့်ပတ်သက်၍ ဂွါဒီယိုလာက ''စီးတီးအနေနဲ့ ကစားသမားသစ်ထပ် ခေါ်ဖို့ အစီအစဉ်မရှိပါဘူး။ သတင်းတွေမှာ ဖော်ပြနေကြတဲ့ ကစားသမားတွေရဲ့အပြောင်း အရွှေ့က ကောလာဟလတွေပါ။ သူတို့ကို ခေါ်ယူမယ့်အကြောင်း ကျွန်တော်တောင် မသိပါဘူး''ဟု ပြောကြားသည်။
လီဗာပူးလ်အသင်းတွင် နောက်ခံလူများ ဒဏ်ရာပြဿနာ ရင်ဆိုင်နေရသော်လည်း နည်းပြ ယာဂန်ကလော့ပ်က ကစားသမားသစ်ခေါ်ယူရန် အစီအစဉ်မရှိကြောင်း ပြော ကြားသည်။
ခြေချင်းဝတ်အရိုးကျိုးသွားသည့် ဂျိုးဂိုးမက်ဇ်မှာ ဇန်နဝါရီတတိယပတ်နှင့် ညှပ်ရိုးကျိုးဒဏ်ရာရရှိသွားသည့် မာတစ်မှာ ဇန်နဝါရီလကုန်ပိုင်းမှ ပြန်လည်ကစားနိုင်ဖွယ်ရှိပြီး အလက်ဇန္ဒားအာနိုးလ်မှာလည်း ပြန် ကစားနိုင်မည့်အချိန်ကို မသိရသေးကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။
သို့သော် ကလော့ပ်က ''အပြောင်းအရွှေ့ဖွင့်ဖို့ နှစ်ပတ် လောက်လိုတဲ့အချိန်မှာ ဘာအစီအစဉ်ရှိလဲ မေးတော့ ဖြစ်နိုင်ခြေမရှိဘူးလို့ပဲ ဖြေရမှာပါ။ အခုဆိုရင် ခံစစ်အတွင်းလူနှစ်ဦး မကစားနိုင် တော့လို့ တစ်ခုခုလုပ်မလား စဉ်းစားပေမဲ့ ကာလရှည်အနားယူရမှာမဟုတ်လို့ ခေါ်ယူ ဖြစ်မယ်မထင်ပါဘူး''ဟု ပြောကြားသည်။
နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်တစ်ဦးမျှ ခေါ်ယူခဲ့ခြင်းမရှိ သည့် စပါးအသင်းနည်းပြ ပိုချက်တီနိုက ဇန် နဝါရီတွင် ထပ်မံခေါ်ယူနိုင်ခြင်းမရှိလည်း ပြဿနာမရှိကြောင်း ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။
''ကစားသမားသစ်မခေါ် ဖြစ်လည်း စိတ်မပျက်ပါဘူး။ ဇန်နဝါရီက ကစားသမားခေါ်ယူဖို့ အရမ်းခက်ခဲတဲ့ကာလ ဆိုတာ ကျွန်တော်ကောင်းကောင်းသိပါတယ်။ ဒီကာလမှာဆိုရင် အသင်းနဲ့အံဝင်ဖို့ အချိန် ပေးရဦးမှာပါ''ဟု ၎င်းင်းက ဆိုသည်။