မြန်မာပြည် ချန်ပီယံစိန်ခေါ်ပွဲတွင် ထွန်းထွန်းမင်းနှင့် ဒေ့ဗ်သရေကျ

မြန်မာပြည် ချန်ပီယံစိန်ခေါ်ပွဲတွင် ထွန်းထွန်းမင်းနှင့် ဒေ့ဗ်သရေကျ
Photo : EMG
Photo : EMG
Published 16 December 2018

ငါးချီပြီးဆုံးချိန်အထိ နှစ်ဦး စလုံး အလဲထိုးနိုင်ခြင်းမရှိဘဲ ပူးတွဲသရေရ လဒ်ထွက်ပေါ်ခဲ့ပြီး ချန်ပီယံဘွဲ့ကို ဒေ့ဗ်က ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ 

မြန်မာပြည် ချန်ပီယံစိန်ခေါ်ပွဲတွင် ထွန်းထွန်းမင်းနှင့် ဒေ့ဗ်သရေကျ



 မြန်မာမီဒီယာဂရုက ကြီးမှူးကျင်းပ သည့် AIR KBZ Grand Final  ရိုးရာလက် ဝှေ့စိန်ခေါ်ပွဲကို ဒီဇင်ဘာ ၁၆ ရက် မွန်လွဲ ၂ နာရီက ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အား ကစားရုံ၌ ကျင်းပရာ ထွန်းထွန်းမင်းနှင့် ဒေ့ဗ် တို့၏ ချန်ပီယံစိန်ခေါ်ပွဲ တွဲဆိုင်းမှာ အရှုံးအ နိုင်မပေါ်ဘဲ ပူးတွဲသရေရလဒ်ထွက်ပေါ်ခဲ့ သည်။

ထွန်းထွန်းမင်းသည် ဒေ့ဗ်ထံမှ မြန်မာ ပြည်အလွတ်တန်း ချန်ပီယံဘွဲ့ကို ပြန်လည် ရယူလိုသောကြောင့် စိန်ခေါ်ခဲ့ခြင်းဖြစ်သော် လည်း ငါးချီအထိ အလဲထိုးနိုင်ခဲ့ခြင်း မရှိ သောကြောင့် ပူးတွဲသရေရလဒ်ဖြစ်သာ ပြီး ဆုံးခဲ့ခြင်းဖြစ်သည်။ ထွန်းထွန်းမင်းသည် ပထမအချီနှင့် ဒုတိယအချီတွင် တံတောင် ရိုက်ချက်များ ခြေကန်ချက်များကြောင့် တိုက် စစ်ပုံစံဖြင့် ထိုးသတ်ရန် အခက်အခဲတွေ့ခဲ့ ပြီး အနားတောင်းခဲ့ရသည်။ တတိယအချီ တွင် ထိုးသတ်ပုံ ပြောင်းလဲခဲ့ပြီး ဒေ့ဗ်၏ အမှား ကိုစောင့်ကာ တန်ပြန်တိုက်စစ်ပုံစံကို ပြောင်း လဲခဲ့သည်။ အထူးသဖြင့် ထွန်းထွန်းမင်း ဘယ် ညာ ၀ိုက်လက်သီးများက ဒေ့ဗ်ကို ဖိအားပေး နိုင်ခဲ့ပြီး လူချင်းအပူးတွင် အသုံးပြုခဲ့သော ပင့်လက်သီးများကလည်း ဒေ့ဗ်ကို အခက် တွေ့စေခဲ့သည်။ စတုတ္ထအချီနှင့် နောက်ဆုံး အချီတွင် လက်ရှိချန်ပီယံဒေ့ဗ်က ထွန်းထွန်း မင်းကို အလဲထိုးရန် မကြိုးစားတော့ဘဲ သရေ ရလဒ်ဖြင့်သာ အဆုံးသတ်ရန် ကြိုးပမ်းခဲ့ သည်။

ထို့ကြောင့် ငါးချီပြီးဆုံးချိန်အထိ နှစ်ဦး စလုံး အလဲထိုးနိုင်ခြင်းမရှိဘဲ ပူးတွဲသရေရ လဒ်ထွက်ပေါ်ခဲ့ပြီး ချန်ပီယံဘွဲ့ကို ဒေ့ဗ်က ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။  အမျိုးသမီးချန်ပီယံဆုချီမြှင့်မည့် အခြား တွဲဆိုင်းတွင် ဘရော်နီကာ (မြန်မာ) နှင့် ဟုန် ထောင်း (ထိုင်း) တို့ ထိုးသတ်ခဲ့ရာ ပူးတွဲသရေ ရလဒ်ထွက်ပေါ်ခဲ့သည်။ ထွန်းထွန်းမင်း၏ ညီ ထွန်းမင်းလတ် (မြန်မာ)နှင့် တိုခဲရှိ (ဂျပန်) တို့၏ တွဲဆိုင်းတွင် ထွန်းမင်းလတ်သည် ပထမ အချီမှာပင် သတ်လုံပြုတ်ကျခဲ့ပြီး တိုခဲရှိ ဖိ အားပေးမှုကို ဆက်တက်နီးပါးခံခဲ့ရသည်။ ထို့ကြောင့် အနားတောင်းခဲ့ပြီး တတိယအချီ တွင် တိုခဲရှိက ထွန်းမင်းလတ်ကို အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

ပရိသတ် ကြိုက်နှစ်သက်မှုရရှိခဲ့သည့် ဗျဂ္ဃ(မြန်မာ)နှင့် ၀ိထရာ(ထိုင်း) တို့၏ တွဲဆိုင်း ဖြစ်ပြီး ဗျဂ္ဃ၏ လက်သီးချက်ကြောင့် ၀ိထရာ နဖူးကွဲခဲ့ပြီး ယင်းဒဏ်ရာမှာ သွေးအများအ ပြား ထွက်နေခဲ့သော်လည်း အရှုံးပေးခဲ့ခြင်း မရှိဘဲ ဆက်လက်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အသာရနေသော ဗျဂ္ဃကို ဆိုင်ထိုးပြိုင် ထိုးနိုင်ခဲ့ပြီး နောက်အဆုံးအချီအထိ ထိုးသတ်  ကာ ပူးတွဲသရေရလဒ် ရယူနိုင်ခဲ့သောကြောင့်  ပရိသတ်က ကြိုက်နှစ်သက်ခဲ့ခြင်းဖြစ်သည်။  အောက်ချင်းလေးနှင့် အင်းသားတို့၏ တွဲဆိုင်း သည် အောက်ချင်းလေးက အင်းသားကို ပွဲ စဉ်တစ်လျှောက် ဖိအားပေးနိုင်ခဲ့ပြီး အစီး သရေဖြင့် ထိုးသတ်နိုင်ခဲ့သည်။ စောဒါ၀ိတ် (မြန်မာ)နှင့် မာမွတ် (အီရန်)တို့၏ ပွဲစဉ်တွင် စောဒါ၀ိတ်က လက်ရေအသာဖြင့် ထိုးသတ် နိုင်ခဲ့ပြီး အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

တွဲဆိုင်းရလဒ်များ

 အောက်ချင်းလေး    သရေ    အင်းသား

 စောဒါ၀ိတ်(မြန်မာ)    နိုင်-သရေ    မာမွတ်(အီရန်)

 ဗျဂ္ဃ(မြန်မာ)    သရေ    ၀ိထရာ(ထိုင်း)

 ထွန်းမင်းလတ်(မြန်မာ)    ရှုံး-နိုင်    တိုခဲရှိ(ဂျပန်)        

  ဒေ့ဗ်(မြန်မာ)သရေ    ထွန်းထွန်းမင်း(မြန်မာ)

  ဘရော်နီကာ(မြန်မာ)    သရေ    ဟုန်ထောင်း(ထိုင်း)

Most Read

Most Recent