ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နိုင်ပွဲ (၁၀၀)ပြည့်မြောက်သည့် ပထမဆုံးကစားသမားအဖြစ် စီရော်နယ်လ်ဒို မှတ်တမ်းဝင်

ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နိုင်ပွဲ (၁၀၀)ပြည့်မြောက်သည့် ပထမဆုံးကစားသမားအဖြစ် စီရော်နယ်လ်ဒို မှတ်တမ်းဝင်
Photo: REUTERS
Photo: REUTERS
Published 28 November 2018

 

ဂျူဗင်တပ်စ်အသင်း၏ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဗလင်စီယာအသင်းအား (၁-၀)ဂိုးဖြင့်အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နိုင်ပွဲ (၁၀၀)ပြည့်မြောက်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။



အသက် (၃၃)နှစ်ရှိ စီိရော်နယ်လ်ဒိုသည် အဆိုပါပွဲစဉ်တွင် ဂိုးသွင်းယူနိုင်ခြင်းမရှိသော်လည်း အသင်းဖော်မန်ဇူကစ်သွင်းယူသည့် တစ်လုံးတည်းသောအနိုင်ဂိုးကို ဖန်တီးပေးခဲ့သူဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည်ယင်းနိုင်ပွဲကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၁၆)သင်းအဆင့်သို့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် (၅)နှစ်ဆက်တက်ရောက်နိုင်ခဲ့ခြင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

စီရော်နယ်လ်ဒိုသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် စံချိန်များစွာရယူထားသူဖြစ်ပြီး ဂိုးအများဆုံးသွင်းထားသူအဖြစ်(၁၂၁)ဂိုးဖြင့် ရပ်တည်နေကာ ပွဲအများဆုံးကစားသမားစာရင်းတွင်လည်းပေါ်တိုအသင်းဂိုးသမား၏စပိန်ဝါရင့်ဂိုးသမား ကာဆီးလက်စ်၏နောက် (၁၅၇)ပွဲဖြင့် ဒုတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ ထို့အပြင် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းယူသူအဖြစ် (၁၇)ဂိုးဖြင့် မှတ်တမ်းတင်ထားသူလည်း ဖြစ်သည်။

စီရော်နယ်လ်ဒိုသည် ကစားသမားဘဝတွင် မန်ယူ၊ ရီးယဲလ်မက်ဒရစ် စသည့်ကလပ်များနှင့် ချန်ပီယံလိဂ်ဖလား (၅)ကြိမ်ရရှိထားသူဖြစ်ပြီး ယခုနှစ်တွင် ဂျူဗင်တပ်စ်အသင်းနှင့်အတူ ထပ်မံရယူနိုင်ရန်ပစ်မှတ်ထားလျက်ရှိသည်။ 

Most Read

Most Recent