၁၉၉၂ခုနှစ် နောက်ပိုင်း အိမ်ကွင်းနိုင်ပွဲအနည်းဆုံးရာသီနှင့် မန်ယူအသင်း ရင်ဆိုင်နေရ

၁၉၉၂ခုနှစ် နောက်ပိုင်း အိမ်ကွင်းနိုင်ပွဲအနည်းဆုံးရာသီနှင့် မန်ယူအသင်း ရင်ဆိုင်နေရ
Photo: Getty Images
Photo: Getty Images
Published 28 November 2018

 

ပရီးမီးယားလိဂ်ထိပ်သီးမန်ယူအသင်းသည် ယခုရာသီပြိုင်ပွဲစုံအိမ်ကွင်းနိုင်ပွဲမှာ (၃၃.၃%) သာရှိပြီး ယင်းပမာဏမှာ ၁၉၉၂ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးစံချိန်ဖြစ်ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

နည်းပြမော်ရင်ဟို၏ မန်ယူအသင်းသည် ယခုရာသီပြိုင်ပွဲစုံ အိမ်ကွင်း (၉) ပွဲကစားရာတွင် (၃) ပွဲနိုင်၊ (၄) ပွဲသရေ၊ (၂) ပွဲရှုံးရလဒ်ကို ရရှိထားပြီး အနိုင်ရာခိုင်နှုန်းမှာ (၃၃.၃%) သာရှိကြောင်းသိရသည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံအိမ်ကွင်း (၂၆) ပွဲတွင် ၊ (၂၁) ပွဲအထိအနိုင်ရရှိခဲ့ပြီး (၂)ပွဲသရေ၊ (၃) ပွဲရှုံးဖြင့် အနိုင်ရာခိုင်နှုန်းမှာ (၈၀.၈%) အထိရှိခဲ့ခြင်းဖြစ်သည်။ 

ယခုရာသီမန်ယူအသင်း၏ အိမ်ကွင်းရလဒ်မှာ ၁၉၉၂ ခုနှစ်နောက်ပိုင်းအဆိုးရွားဆုံးရလဒ်ဖြစ်နေပြီး အနိုင်ရာခိုင်နှုန်းအနည်းဆုံးဖြစ်ခဲ့သည့် ၂၀၁၃-၁၄ ရာသီကထက်ပင် ပိုနည်းနေခြင်းဖြစ်သည်။

၂၀၁၃-၁၄ ရာသီက မန်ယူအသင်းကို နည်းပြအဖြစ် ဒေးဗစ်မွိုက်စ်က ကိုင်တွယ်ခဲ့ခြင်းဖြစ်ပြီး ယင်းရာသီတွင် မန်ယူအသင်းမှာ ပြိုင်ပွဲစုံအိမ်ကွင်း (၂၈) ပွဲတွင် (၁၆) ပွဲနိုင်၊ (၄) ပွဲသရေ (၈) ပွဲရှုံးရလဒ်ရရှိခဲ့ပြီး အနိုင်ရာခိုင်နှုန်းမှာ (၅၇.၁၀%) သာရှိခဲ့ခြင်းဖြစ်သည်။

၁၉၉၂ ခုနှစ်နောက်ပိုင်း မန်ယူအသင်း၏ ပြိုင်ပွဲစုံအိမ်ကွင်းအနိုင်ရာခိုင်နှုန်းအများဆုံး ရာသီမှာ ၂၀၁၀-၁၁ ရာသီဖြစ်ပြီး ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ကိုင်တွယ်ခဲ့သော ယင်းရာသီတွင် မန်ယူအသင်းသည် ပြိုင်ပွဲစုံ အိမ်ကွင်း (၂၉) ပွဲ၌ ရှုံးပွဲလုံးဝမရှိခဲ့ဘဲ (၂၆) ပွဲအထိအနိုင်ရကာ (၃) ပွဲသရေရလဒ်ဖြင့် အနိုင်ရာခိုင်နှုန်း (၈၉.၇၀%) အထိရှိခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက လက်ရှိအသင်း၏ ခြေစွမ်းနှင့်ပတ်သက်ပြီး ကစားသမားများအနေဖြင့် ဖိအားဒဏ်မခံနိုင်ပါက ဘောလုံးမကစားဘဲ အိမ်တွင်သာနေသင့်သည်ဟု ဝေဖန်ပြောဆိုခဲ့သည်။

Most Read

Most Recent