နေမာ၏ အဆင့်မျိုးကို ဘာပေ မရောက်သေးဟု အဲလ်ဗတ်စ်ပြောကြား

နေမာ၏ အဆင့်မျိုးကို ဘာပေ မရောက်သေးဟု အဲလ်ဗတ်စ်ပြောကြား
Photo: Getty Images
Photo: Getty Images
Published 28 November 2018

 

PSG အသင်းနောက်ခံလူ အဲလ်ဗတ်စ်က အသင်းဖော်ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေမှာ နေမာ၏ အဆင့်အတန်းမျိုးကို မရောက်သေးကြောင်း ပြောကြားခဲ့သည်။

အသက် (၁၉) နှစ်အရွယ်ရှိ ဘာပေသည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြကစားခဲ့ပြီး ပြင်သစ်အသင်းကို ချန်ပီယံဆုဆွတ်ခူးပေးခဲ့သူဖြစ်သလို၊ ယခုရာသီတွင်လည်း PSG အသင်းအတွက် ခြေစွမ်းပြကာ ပြိုင်ပွဲစုံ (၁၃) ပွဲတွင်၊ (၁၃) ဂိုးအထိသွင်းယူပေးထားသူ ဖြစ်သည်။

အဲလ်ဗတ်စ်က '' နေမာနဲ့ ဘာပေတို့ဟာ ခြားနားတဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာပေဟာ ဘောလုံးမှာ သမိုင်းဝင်ကစားသမားတစ်ဦးဖြစ်လာနိုင်တဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ နေမာကတော့အဆင့်အတန်းတစ်ခုကိုရောက်ရှိနေပြီးသား ဘောလုံးသမားတစ်ဦးဖြစ်ပါတယ်။ ဘာပေကတော့ လက်ရှိမှာ အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ဖို့ လျှောက်လှမ်းနေတုန်းပါပဲ။ ဘာပေအနေနဲ့ နေမာဆီကနေ သင်ယူစရာတွေကို သင်ယူလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ နေမာဟာ ဘာစီလိုနာမှာ ကစားစဉ်တုန်းက မက်ဆီဆီကနေ အများကြီးသင်ယူခဲ့ပါတယ်'' ဟုပြောကြားခဲ့သည်။

ထို့အပြင် အဲလ်ဗတ်စ်က ဘာပေမှာ ပါရမီရှင်လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ၄င်းအနေဖြင့် ဘာပေကို လူတော်လူကောင်းတစ်ဦးဖြစ်လာအောင် အစွမ်းကုန်ကူညီပေးသွားမည်ဟုပြောကြားခဲ့သည်။

အဲလ်ဗတ်စ်က ''ကျွန်တော့်အနေနဲ့ ဘာပေကို လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် အစွမ်းကုန်ကူညီပေးသွားမှာပါ။ ဘာပေအနေနဲ့ အခက်အခဲရှိတဲ့အချိန်မျိုးမှာ ကျွန်တော်ကူညီပေးသွားမှာဖြစ်ပြီး သာယာတဲ့ဘဝကိုပိုင်ဆိုင်နိုင်အောင် သူ့ကို ကျွန်တော်ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘောလုံးသမားကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာက ပါရမီနဲ့လည်းဆိုင်ပါတယ်။ ဒါပေမဲ့ လူကောင်းတစ်ယောက်ဖြစ်အောင်တော့ လေ့ကျင့်ပျိုးထောင်သွားရင် ဖြစ်နိုင်ပါတယ်'' ဟုပြောကြားခဲ့သည်။

Most Read

Most Recent