သက်တမ်းမတိုးဖြစ်ပါက နွေရာသီတွင် ရီးယဲလ်သို့ပြောင်းရွှေ့နိုင်ကြောင်း ဟာဇက် ထပ်မံပြောကြား

သက်တမ်းမတိုးဖြစ်ပါက နွေရာသီတွင် ရီးယဲလ်သို့ပြောင်းရွှေ့နိုင်ကြောင်း ဟာဇက် ထပ်မံပြောကြား
Photo : AFP
Photo : AFP
Published 27 November 2018

ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်းတိုးမြှင့်ရန် ကြန့်ကြာနေသည့် ဘယ်လ်ဂျီယံလက်ရွေးစင် ဟာဇက်က စာချုပ်သစ်မချုပ်ဖြစ်ပါက နွေရာသီ တွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့နိုင်ကြောင်း ထပ်မံပြောကြားသည်။

ချယ်လ်ဆီးအသင်းနှင့် ဟာဇက်၏ စာချုပ်သက်တမ်းမှာ ၂၀၂၀ ပြည့်နှစ် ဇွန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ၁၈ လသာ ကျန်ရှိတော့သည်။

သို့သော် စာချုပ်သစ်ထပ်မံချုပ်ဆိုရန် သဘောတူညီမှုမရသေးသလို ၎င်းင်းကိုယ် တိုင်ကလည်း ငယ်ဘဝအိပ်မက်ဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်း ရွှေ့ကစားခွင့်ရလိုကြောင်း မကြာသေးမီက ပြောကြားထားသည်။

နိုဝင်ဘာ ၂၅ ရက်က ပြင်သစ်အခြေစိုက် Canal+ ရုပ်သံနှင့်တွေ့ဆုံစဉ် ဟာဇက်က ဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ အသင်းပြောင်းရွှေ့ရန် အစီအစဉ်မရှိ ကြောင်း အာမခံသော်လည်း စာချုပ်သက်တမ်းမတိုးဖြစ်ပါက နွေရာသီတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိကြောင်း ထပ်မံပြောကြားခြင်းဖြစ်သည်။

''အခုလော လောဆယ်တော့ ကျွန်တော်က ချယ်လ်ဆီးမှာပဲ ဆက်ကစားဦးမှာပါ။ ဇွန်ဆို ရင် ကျွန်တော့်စာချုပ်က တစ်နှစ်ပဲကျန်ပါတော့တယ်။ တကယ်လို့ သက်တမ်း မတိုးဖြစ်ရင်တော့ အပြောင်းအရွှေ့ဖြစ်လောက်တယ်။ ဇန်နဝါရီမှာ ထွက်ခွာဖို့ မရှိဘူးဆိုတာတော့ ကိုယ့်ကိုယ်ကိုယ်အာမခံပါတယ်။ ဇန်နဝါရီမှာ အသင်း မပြောင်းဘူးဆိုတာ ပရိသတ်တွေနဲ့ အသင်းအတွက်ပါ။ လာမယ့်နွေရာသီ ဆိုရင်တော့ အပြောင်းအရွှေ့ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ကစားသမား ဘဝတစ်လျှောက်လုံး ချယ်လ်ဆီးမှာပဲ ကုန်ဆုံးနိုင်ခြေလည်းရှိပါတယ်''ဟု ၎င်းက ပြောကြားသည်။

    

ဟာဇက် (၂၇ နှစ်) သည် ၂၀၁၂ ခုနှစ် နွေရာသီတွင် ပြင်သစ်ကလပ် လိုင်လီအသင်းမှ ချယ်လ်ဆီးသို့ ပေါင် ၃၂ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး ခြောက်ရာသီခွဲကာလအတွင်း ပြိုင်ပွဲစုံ ၃၁၅ ပွဲကစား ၉၇ ဂိုးသွင်းယူထားသည်။

၎င်းအား ပြင်သစ်လိဂ်ချန်ပီယံ PSG အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေ ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ဟာဇက်က ပြောင်းရွှေ့မည်မဟုတ်ကြောင်း ငြင်းဆန်ပယ်ချသည်။

''အရင်တုန်းကတော့ PSG အသင်းဆီက ဆက်သွယ်ကမ်းလှမ်းမှုရဖူးပါတယ်။ ဒါပေမဲ့ ပြောင်းရွှေ့ခွင့်ရဖို့ ကျွန်တော် မကြိုးစားဖူးပါဘူး။ တစ်နေ့မှာ ပြင်သစ်ကိုပြန်ဖြစ်ရင်လည်း အဲဒီအသင်း က လိုင်လီပဲဖြစ်မှာပါ။ ဒါပေမဲ့ ဒီနေ့အထိတော့ ပြင်သစ်လိဂ်မှာပြန်ကစားဖို့ ဖြစ်နိုင်ခြေမရှိသေးပါဘူး''ဟု ဟာဇက်က ပြောကြားသည်။

    

ဟာဇက်သည် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံ နှစ်ကြိမ်၊ FA ဖလား တစ်ကြိမ်၊ လိဂ်ဖလား တစ်ကြိမ်နှင့် ယူရိုပါလိဂ်ဖလား တစ်ကြိမ် ဆွတ်ခူးရရှိထားပြီး တစ်ဦးချင်းအနေဖြင့် ပရီးမီးယားလိဂ်အကောင်းဆုံးကစား သမားဆု တစ်ကြိမ်၊ FWA အကောင်းဆုံးဘောလုံးသမားဆု တစ်ကြိမ်၊ PG လူငယ်အကောင်းဆုံးကစားသမားဆု တစ်ကြိမ်နှင့် ချယ်လ်ဆီးအသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု သုံးကြိမ်အထိ ရရှိထားသူဖြစ် ကြောင်း သိရသည်။

 

Most Read

Most Recent