■ ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံး ပိတ်သိမ်းမည်

■ ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံး ပိတ်သိမ်းမည်
Published 24 February 2026

ရန်ကုန်မြို့ရှိ ဖင်လန်နိုင်ငံသံရုံး ပိတ်သိမ်းမည်ဟု သံရုံးက တရားဝင်သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၈ ရက်မှစတင်ကာ ပိတ်သိမ်းမည်ဖြစ်ပြီး ကောင်စစ်ဝန်ဆောင်မှုများ၊ ပတ်စ်ပို့၊ နေထိုင်ခွင့် လျှောက်လွှာဆိုင်ရာ နိုတြီထောက်ခံလက်မှတ်များ အပါအဝင် ကောင်စစ်ဆိုင်ရာအလုပ်များအားလုံးကို ဘန်ကောက်မြို့ရှိ ဖင်လန်သံရုံးမှ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဗီဇာနှင့် သက်ဆိုင်သော ဝန်ဆောင်မှုများအတွက် ဂျာမနီနိုင်ငံက ကိုယ်စားပြုလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ အခြားကိစ္စရပ်များနှင့် ပတ်သက်၍ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်အာရှနှင့် တောင်အရှေ့အာရှဆိုင်ရာဌာနကို ဆက်သွယ်နိုင်ကြောင်း ဖင်လန်သံရုံးက ထုတ်ပြန်သည်။

 

Most Read

Most Recent