■ ကစားသမားဘဝကို အောင်လအန်ဆန် အလဲထိုးနိုင်ပွဲနဲ့ အဆုံးသတ်

■ ကစားသမားဘဝကို အောင်လအန်ဆန် အလဲထိုးနိုင်ပွဲနဲ့ အဆုံးသတ်
Published 4 October 2025

မြန်မာ MMA ကစားသမား အောင်လအန်ဆန်ဟာ သူ့ရဲ့ နောက်ဆုံးပွဲမှာ အလဲထိုးအနိုင်ယူပြီး ကစားသမားဘဝကို လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်။

အောင်လအန်ဆန်ဟာ ဆွီဒင်နိုင်ငံသား ဇီဘက်တီယန်ကာဒက်စတမ်ကို ဒုတိယအချီ ၂ မိနစ် ၂၀ စက္ကန့်မှာ အလဲထိုးအနိုင်ယူခဲ့တာဖြစ်တယ်။

အခုပွဲဟာ ONE Fight Night 36 ရဲ့ ဒုတိယခေါင်ပွဲ မစ်ဒယ်ဝိတ်တန်း MMA ပွဲစဉ်အဖြစ် ထိုးသတ်ခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Lumpinee Stadium မှာ ပြုလုပ်ခဲ့တာပါ။

အောင်လအန်ဆန်ဟာ ၂၀၀၅ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် ပွဲဦးထွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လ ၁၈ ရက်မှာ ONE Championship ပထမဆုံးပွဲ ထိုးသတ်ခဲ့ပါတယ်။

၎င်းဟာ ONE Championship လက်အောက် ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။

ONE Championship မှာ စုစုပေါင်း ပွဲ ၂၀ ထိုးသတ်ခဲ့ပြီး ၁၅ ပွဲနိုင်၊ ၅ ပွဲရှုံး မှတ်တမ်းရရှိခဲ့ပါတယ်။

Photos: ONE Championship

 

Most Read

Most Recent