အိန္ဒိယတွင် ကမ္ဘာ့အကြီးဆုံးဘာသာရေးပွဲတော်အတွင်း လူအုပ်ကသောင်းကနင်းဖြစ်ပွားပြီးလူ ၁၅ ဦး သေဆုံး

အိန္ဒိယတွင် ကမ္ဘာ့အကြီးဆုံးဘာသာရေးပွဲတော်အတွင်း လူအုပ်ကသောင်းကနင်းဖြစ်ပွားပြီးလူ ၁၅ ဦး သေဆုံး
Published 29 January 2025
Ref : AFP

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင်ပြုလုပ်သည့် Kumbh Mela ခေါ် ကမ္ဘာ့အကြီးဆုံး ဘာသာရေးပွဲတော်အတွင်း လူအုပ်ကသောင်းကနင်းဖြစ်ပွားပြီး လူ ၁၅ ဦး သေဆုံးကာ လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြသည်ဟု ဆရာဝန်တစ်ဦးက ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ဘာသာရေးပွဲတော်များတွင် ထိုကဲ့သို့ လူအုပ်ကသောင်းကနင်းဖြစ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ယခုဖြစ်စဉ်သည် ဇန်နဝါရီ ၂၉ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သီတင်းပတ်ခြောက်ပတ်ကြာ ကျင်းပသည့် ထိုဘာသာရေးပွဲတော်သည် ဟိန္ဒူဘာသာရေးပြက္ခဒိန်တွင် အကြီးဆုံးဘာသာရေးပွဲအခမ်းအနားဖြစ်ပြီး နိုင်ငံတစ်ဝန်းမှ လူပေါင်းသန်းချီ စုရုံးရောက်ရှိနေကြခြင်းဖြစ်သည်။

“အခုရထားတဲ့ သတင်းတွေအထိတော့ လူ ၁၅ ဦးသေဆုံးပါတယ်။ ဒဏ်ရာရထားသူတွေကို ဆေးဝါးကုသပေးနေပါတယ်” ဟု ပရာရာဂရက်မြို့မှ ဆရာဝန်တစ်ဦးက ပြောကြားခဲ့သည်။

Most Read

Most Recent