တော်ဝင်စင်တာတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် အမျိုးသားအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် လေးနှစ်ကျခံစေရန် အမိန့်ချ

တော်ဝင်စင်တာတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် အမျိုးသားအား ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် လေးနှစ်ကျခံစေရန် အမိန့်ချ
Published 28 December 2016

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ တော်ဝင်စင်တာတွင် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးခဲ့မှုကြောင့် ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ခံထားရသည့် အမျိုးသားကို ယနေ့(ဒီဇင်ဘာ၂၈ရက်) တွင် ဒဂုံမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။ယနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သတ်၍ အဆိုပါအမျိုးသားအား စွဲချက်တင်ထားသည့် ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အလုပ်နှင့် ထောင်ဒဏ်သုံးနှစ်နှင့် လက်နက်ဥပဒေပုဒ်မ ၁၉ (င) အရ ထောင်ဒဏ် တစ်နှစ်တို့အား သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။အဆိုပါအမှုမှ ဓားဖြင့်ထိုးခဲ့သူ အမျိုးသားအား ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက် ရုံးချိန်းတွင် ဒဂုံမြို့နယ်တရားသူကြီးက လက်နက်ကိုင်ဆောင်ခွင့် မရှိသည့်နေရာတွင် ခေါက်ဓား ကိုင်ဆောင်ခဲ့သောကြောင့် ပုဒ်မ ၁၉ (င) (လက်နက်ကိုင်ဆောင်မှု) နှင့်ပုဒ်မ ၃၂၆ (အပြင်းအထန် နာကျင်စေမှု) တို့ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။ 

Most Read

Most Recent