နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၇၁ ကျပ်အထိ ပြန်တက်

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၇၁ ကျပ်အထိ ပြန်တက်
Published 26 December 2016
စည်သူအောင်

ဒီဇင်ဘာ ၂၆ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၇၁ ကျပ်အထိ ပြန်လည် မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်း ဝယ်သူများထံမှ သိရသည်။
ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်၌ ဒေါ်လာဈေးအညွှန်းကိန်း  ၁၀၃ ဒသမ ၁၄ ပွိုင့်အထိ မြင့်တက်ခဲ့ပြီး မွန်းလွဲ ၃ နာရီခွဲတွင် ၁၀၂ ဒသမ ၉၅ ပွိုင့်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ဒီဇင်ဘာ ၂၂ နှင့် ၂၄ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၁၀၂ ပွိုင့်ကျော်တွင်ရှိခဲ့ပြီး တနင်္လာနေ့ ဈေးဖွင့်ချိန်တွင် ဈေးနှုန်းပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ငွေကြေး ဈေးကွက်တွင် ဒေါ်လာနှင့် အခြားကမ္ဘာ့ငွေကြေးများနှင့် နှိုင်းယှဉ်ပါက တစ်ယူရိုလျှင် ၁ ဒသမ ၄၄ ဒေါ်လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၂ ဒေါ်လာ၊ တစ်ဒေါ်လာလျှင် ၁၁၇ ဒသမ ၀၄ ယန်း ပေါက်ဈေးဖြစ်ပေါ်ခဲ့သည်။
ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေး တက်ရိပ်ပြခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၁၆ ရက်၌ တစ်ဒေါ်လာ ၁၄၃၈ ကျပ်အထိ မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ ၁၉ ရက် တွင် ၁၃၈၃ ကျပ်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် ၁၃၉၇ ကျပ်၊ ဒီဇင်ဘာ ၂၁ ရက် တွင် ၁၄၀၅ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်တွင် ၁၃၉၇ ကျပ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ၁၃၇၆ ကျပ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ၁၃၆၃ ကျပ်အထိ ဆက်လက် ကျဆင်းလာခဲ့ပြီးနောက် ဒီဇင်ဘာ ၂၅ ရက် တွင် ၁၃၆၆ ကျပ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် ၁၃၇၁ ကျပ်အထိ ပြန်လည်မြင့် တက်ခဲ့သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြား ငွေလဲနှုန်းထားများမှာ ဒီဇင်ဘာ ၂၀ ရက်တွင် ၁၃၉၇ ကျပ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ၁၄၀၅ ကျပ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ၁၃၉၅ ကျပ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ကျပ် ၁၃၈၀ ၊ ဒီဇင်ဘာ ၂၄ ရက်တွင် ကျပ် ၁၃၇၀ ၊ ဒီဇင်ဘာ ၂၅ ရက်တွင် ၁၃၆၆ ကျပ်၊ ဒီဇင်ဘာ ၂၆ ရက်အတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၃၇၁ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၃၆၂ ကျပ်ဖြစ်သည်။
ပြင်ပဈေးကွက်၌ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲ နှုန်းကို ဒီဇင်ဘာ၂၅ ရက်တွင် ကျပ် ၁၃၇၀ အဖြစ် ငါးကျပ်လျှော့ချခဲ့သည်။ ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို  ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၁၃၃၀၊ ဒီဇင်ဘာ ၁၄ ရက်တွင် ကျပ် ၁၃၄၀၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၁၃၅၀၊ ဒီဇင်ဘာ ၁၆ ရက်တွင် ၁၃၆၅ ကျပ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် ကျပ် ၁၃၇၀ ၊ ဒီဇင်ဘာ ၂၀ ရက်တွင် ၁၃၇၅ ကျပ်အဖြစ် ခြောက်ရက်ဆက်တိုက် တိုးမြှင့်ခဲ့ပြီး ဒီဇင်ဘာ ၂၁၊ ၂၂  နှင့် ၂၃ ရက်တို့ တွင် ၁၃၇၅ ကျပ်အဖြစ် သုံးရက်ဆက်တိုက် သတ်မှတ်ခဲ့ကာ ဒီဇင်ဘာ ၂၆ ရက်တွင် ကျပ် ၁၃၇၀ အဖြစ် ငါးကျပ်လျှော့ချခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent