တစ်ပတ်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၇၀ ကျော်ကျဆင်းပြီး ကျပ် ၁၃၆၀ ကျော် ပြန်ရောက်လာ

တစ်ပတ်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၇၀ ကျော်ကျဆင်းပြီး ကျပ် ၁၃၆၀ ကျော် ပြန်ရောက်လာ
Published 24 December 2016
စည်သူအောင်

ဒီဇင်ဘာ ၁၇ ရက်မှ ဒီဇင်ဘာ ၂၄ ရက် အထိ တစ်ပတ်အတွင်း နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၇၀ ခန့်ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ကျပ် ၁၃၆၀ ကျော်အထိ ပြန်လည်လျော့ကျလာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေးရောင်းဝယ် သူများထံမှ သိရသည်။
ဒီဇင်ဘာ ၂၃ ရက် ဈေးပိတ်ချိန်တွင် ကမ္ဘာ့ငွေကြေးဈေးကွက်၌ ဒေါ်လာဈေးအညွှန်းကိန်း ၁၀၂ ဒသမ ၉၅ ပွိုင့်ဖြစ်ပေါ်ခဲ့သည်။ ဒီဇင်ဘာ ၂၀ နှင့် ၂၁ ရက်တို့တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၁၀၃ ပွိုင့် ကျော်တွင်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၂ နှင့် ၂၃ ရက် တို့တွင် ပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။ကမ္ဘာ့ဒေါ်လာဈေး ကျရိပ်ပြလာသော်လည်း ဈေးအမြင့်တန်းတွင် ရှိနေဆဲဖြစ်ပြီး အခြား ကမ္ဘာ့နိုင်ငံများ၏ ငွေကြေးများနှင့် နှိုင်းယှဉ်ပါက တစ်ယူရိုလျှင် ၁ ဒသမ ၀၄ ဒေါ်လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၂ ဒေါ်လာ၊ တစ်ဒေါ်လာ လျှင် ၁၁၇ ဒသမ ၃၄ ယန်းပေါက်ဈေး ဖြစ်ပေါ်ခဲ့သည်။
ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးအမြင့်ဈေးတွင် ရှိနေဆဲဖြစ်သော်လည်း ပြည်တွင်းဈေးကွက်တွင် ပြန်လည်ကျဆင်းလာ ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၆  ရက်၌ တစ်ဒေါ်လာ ၁၄၃၈ ကျပ်အထိမြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ ၁၉ ရက်တွင် ၁၃၈၃ ကျပ်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်တွင် ၁၃၉၇ ကျပ်၊ ဒီဇင်ဘာ ၂၁ ရက် တွင် ၁၄၀၅ ကျပ်အထိ ပြန်လည်မြင့်တက် ခဲ့သည်။ ဒီဇင်ဘာ ၂၂ ရက်တွင် ၁၃၉၇ ကျပ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ၁၃၇၆ ကျပ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ၁၃၆၃ ကျပ်အထိ ဆက်လက်ကျဆင်းလာခဲ့သည်။ အမြင့်ဆုံးဖြစ် ပေါ်ခဲ့သော ၁၄၃၈ ကျပ်နောက်ပိုင်း ရှစ်ရက်အတွင်း ၇၅ ကျပ် ဝန်းကျင်ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ ဒီဇင်ဘာ ၁၈ ရက်တွင် ၁၄၃၀ ကျပ်၊ ဒီဇင်ဘာ ၁၉ ရက်တွင်  ၁၄၂၇ ကျပ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် ၁၃၉၇ ကျပ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ၁၄၀၅ ကျပ်၊ ဒီဇင်ဘာ ၂၂ ရက် တွင် ၁၃၉၅ ကျပ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ၁၃၈၀ ကျပ်၊ ဒီဇင်ဘာ ၂၄ ရက်အတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ကျပ် ၁၃၇၀  ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၃၆၃ ကျပ်ဖြစ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို  ဒီဇင်ဘာ ၂၃ ရက်တွင် ၁၃၇၅  ကျပ်အဖြစ်သာ ဆက်လက်သတ်မှတ်ခဲ့သည်။ ဗဟိုဘဏ်ရည်ညွှန်းနှုန်းကို  ဒီဇင်ဘာ ၁၃ ရက်တွင် ကျပ် ၁၃၃၀၊ ဒီဇင်ဘာ ၁၄ ရက်တွင် ကျပ် ၁၃၄၀၊ ဒီဇင်ဘာ ၁၅ ရက်တွင် ကျပ် ၁၃၅၀၊ ဒီဇင်ဘာ ၁၆ ရက်တွင် ၁၃၆၅ ကျပ်၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၁၃၇၀ ကျပ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် ၁၃၇၅ ကျပ်အဖြစ် ခြောက်ရက်ဆက်တိုက် တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။                                 

Most Read

Most Recent