လေးရက်ဆက်တိုက် ကျပ် ၁၄၃၀ အထက်တွင် ရှိခဲ့သော နိုင်ငံခြားငွေလဲနှုန်း ဒီဇင်ဘာ ၁၉ ရက်အတွင်း ကျပ် ၅၀ ခန့်အထိ ထိုးဆင်းခဲ့ပြီး တစ်ဒေါ်လာ ၁၃၈၃ ကျပ်အထိ ပြန်လည်ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ကမ္ဘာ့ငွေကြေးဈေးကွက်တွင် ဒီဇင်ဘာ ၁၆ ရက်က ၁၀၃ ဒသမ ၅၀ ပွိုင့်အထိ မြင့်တက်ခဲ့ပြီး ၁၀၂ ဒသမ ၈၁ ပွိုင့်အထိ ကျဆင်းခဲ့ရာ ဒီဇင်ဘာ ၁၉ ရက်တွင် ၁၀၂ ဒသမ ၅၂ ပွိုင့်အထိ ဆက်လက် ကျဆင်းလျက်ရှိသည်။ ကမ္ဘာ့ဈေးကွက်တွင် ဈေးနှုန်းကျဆင်းမှု နည်းပါးသော်လည်း ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း သိသိသာသာ ကျဆင်းလာခြင်းဖြစ်သည်။
ဒေါ်လာဈေး မြင့်တက်မှုအပေါ် နိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်လာခြင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးရုံးတွင် ဖရီးပါမစ်ကား တင်သွင်းခွင့် လျှောက်ထားခြင်းအား ခွင့်မပြုတော့ဘဲ လာမည့် ဒီဇင်ဘာ ၂၃ ရက်အထိ နေပြည်တော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ရုံးတွင်သာ ခွင့်ပြုမည်ဟု ထုတ်ပြန်လိုက်ခြင်းနှင့် လျှောက်ထားနိုင်သည့် ရက်ကာလ အနည်းငယ်သာ လိုတော့ခြင်းကြောင့် နိုင်ငံခြားငွေလဲနှုန်း ဈေးကွက်အပေါ် သက်ရောက်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက "ပြည်တွင်းဘဏ်လုပ်ငန်းရှင်တွေရဲ့ ပြည်ပဘဏ် ငွေစာရင်းတွေကို ဗဟိုဘဏ်က တောင်းယူတာကြောင့် ဒီဇင်ဘာ ၁၆ ရက် ညနေကစပြီး စင်ကာပူမှာ Away ဒေါ်လာ ရောင်းချတာ မြင့်လာတယ်။ ဖရီးပါမစ် ကားလိုင်စင် လျှောက်ထားသူတွေ အတွက်လည်း Dead Line နီးလာတယ်။ လိုင်စင်အတွက် လူတွေ့စစ်ဆေးလို့ အသစ်ထပ်လျှောက်တာ နည်းသွားတဲ့အတွက် ဒေါ်လာဝယ်လိုအား ကျသွားတယ်။ ကားလိုင်စင်လျှောက်ဖို့ စာရင်းဖွင့် ဒေါ်လာ ၅၀၀၀ ထည့်ထားသူတွေ လိုင်စင်မရတော့ရင် ဒေါ်လာပြန်ထုတ်ရောင်းရမယ်။ ဘဏ်စာရင်းထောင်ချီ ပိတ်မိနေတဲ့ ဒေါ်လာတွေ ဈေးကွက်ထဲ ပြန်ဝင်လာမှာကြောင့် ဈေးကျလာတာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ထို့အတူ လက်ရှိအချိန်တွင် ဒေါ်လာဈေး မြင့်တက်မှုကြောင့် သွင်းကုန်လုပ်ငန်းရှင် အများစုမှ အဝယ်ရပ်ထားခြင်း၊ လိုင်စင်ရ နိုင်ငံခြားဘဏ် ၁၃ ခုတွင် ကုန်သွယ်ရေး လုပ်ငန်းရှင်များအား နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ပြုမည်ဖြစ်ပြီး ပြည်တွင်း လုပ်ငန်းရှင်များအား ဒေါ်လာဖြင့် ငွေချေးခွင့်ပြုပေးရန် စီစဉ်နေခြင်း၊ ပြည်ပဘဏ်များမှ ပြည်တွင်းလုပ်ငန်းရှင်များအား ချေးငွေ၊ ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာရေး ဝန်ဆောင်မှုများ ပေးရန်ရှိပြီး ဗဟိုဘဏ်မှ ခွင့်ပြုပါက ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ဒေါ်လာရောင်းချပေးရန် စီစဉ်နေခြင်း၊ ပြည်ပတွင် အလုပ်လုပ်နေသူများ ပြည်တွင်းသို့ ငွေလွှဲခြင်းကို တရားဝင်ခွင့်ပြုရန် စီစဉ်နေခြင်းနှင့် ဆန်နှင့် ပဲကဲ့သို့ မြန်မာနိုင်ငံ၏ အဓိကထွက်ကုန်များ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ဖွယ် ရှိသောကြောင့် ဒေါ်လာဈေး ဆက်လက်ကျ ဆင်းရန်ရှိကြောင်း ၎င်းကသုံးသပ်ထားသည်။
လေးရက်ဆက်တိုက် ကျပ် ၁၄၃၀ အထက်တွင် ရှိခဲ့သော နိုင်ငံခြားငွေလဲနှုန်း တစ်ရက်အတွင်း ကျပ် ၅၀ ခန့်အထိ ထိုးဆင်းခဲ့ပြီး တစ်ဒေါ်လာ ၁၃၈၃ ကျပ်အထိ ကျဆင်း