ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၂၆၀ ဝန်းကျင်တွင် ဆက်လက် ရှိနေပြီး လေးရက်ဆက်တိုက် ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို မြှင့်တင်

ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၂၆၀ ဝန်းကျင်တွင် ဆက်လက် ရှိနေပြီး လေးရက်ဆက်တိုက် ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို မြှင့်တင်
Published 29 September 2016
စည်သူအောင်

စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၂၆၀ ဝန်းကျင်တွင် ဆက်လက် တည်ရှိနေပြီး လေးရက်ဆက်တိုက် ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို မြှင့်တင်ခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်နေသူများထံမှ သိရသည်။စက်တင်ဘာ ၂၈ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၂၆၀ ဖြင့် ဈေးပိတ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီတွင် ၁၂၆၁ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ၁၂၅၈ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် မွန်းလွဲ ၂ နာရီတွင် ၁၂၆၂ ကျပ်အထိ ပြန်လည်မြင့်တက်လာကာ ညနေ ၄ နာရီခန့်တွင် ကျပ် ၁၂၆၀ အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။ပြီးခဲ့သော တစ်ပတ်တာ ကာလအတွင်း ရက်အလိုက် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော နိုင်ငံခြား ငွေလဲနှုန်းထားများမှာ စက်တင်ဘာ ၂၃ ရက်တွင် ၁၂၅၂ ကျပ်၊ စက်တင်ဘာ ၂၄ ရက်တွင် ၁၂၅၅ ကျပ်၊ စက်တင်ဘာ ၂၅ ရက်တွင် ၁၂၅၆ ကျပ်၊ စက်တင်ဘာ ၂၆ ရက်တွင် ၁၂၆၆ ကျပ်၊ စက်တင်ဘာ ၂၇ ရက်တွင် ၁၂၇၀ ကျပ်၊ စက်တင်ဘာ ၂၈ ရက်တွင် ၁၂၆၂ ကျပ်၊ စက်တင်ဘာ ၂၉ ရက်အတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းထားမှာ ၁၂၆၂ ကျပ်ဖြစ်ပြီး အနိမ့်ဆုံး နှုန်းထားမှာ ၁၂၅၈ ကျပ်ဖြစ်ကြောင်း သိရသည်။ပြင်ပဈေးကွက်တွင် နိုင်ငံခြားငွေလဲ နှုန်းထား အမြင့်ဈေးတွင် ဆက်လက်တည်ရှိနေချိန်တွင် ဗဟိုဘဏ်က ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို စက်တင်ဘာ ၂၆ ရက်မှ စ၍ လေးရက်ဆက်တိုက် ဆက်လက် တိုးမြှင့်ခဲ့သည်။ စက်တင်ဘာ ၂၉ ရက်တွင် ဗဟိုဘဏ် ရည်ညွှန်းနှုန်းသည် တစ်ဒေါ်လာ ၁၂၅၀ ကျပ်အထိ ရောက်ရှိလာပြီး ပြင်ပဈေးနှုန်းနှင့် ၁၀ ကျပ်ဝန်းကျင်သာ ကွာဟတော့သည်။ ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့တွင် သတ်မှတ်သော ဗဟိုဘဏ် ရည်ညွှန်းနှုန်းနှင့် နှိုင်းယှဉ်ပါက လေးရက်အတွင်း တစ်ဒေါ်လာ ၁၈ ကျပ်အထိ မြှင့်တင်ခဲ့ခြင်းဖြစ်သည်။တစ်ပတ်အတွင်း ဗဟိုဘဏ် ရည်ညွှန်းနှုန်းများမှာ စက်တင်ဘာ ၂၃ ရက်တွင် တစ်ဒေါ်လာ ၁၂၃၂ ကျပ်၊ စက်တင်ဘာ ၂၆ ရက်တွင် ၁၂၃၅ ကျပ်၊ စက်တင်ဘာ ၂၇ ရက်တွင် ကျပ် ၁၂၄၀၊ စက်တင်ဘာ ၂၈ ရက်တွင် ၁၂၄၅  ကျပ်၊ စက်တင်ဘာ ၂၉ ရက်တွင် ကျပ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။စက်တင်ဘာ ၂၈ ရက်နှင့် နှိုင်းယှဉ်ပါက စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်းထား ကွာဟမှု နည်းပါးပြီး ကမ္ဘာ့ဈေးလည်း တည်ငြိမ်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း အမြင့်ဈေး ဖြစ်ပေါ်နေသော်လည်း ဈေးအပြောင်းအလဲ အနည်းငယ်သာ ရှိသည်။ စက်တင်ဘာ ၂၈  ရက်က ကျပ် ၈၈၅၅၀၀ ဖြင့် ဈေးပိတ်ခဲ့သော ရွှေဈေးနှုန်းသည် စက်တင်ဘာ ၂၉ ရက်တွင် ကျပ် ၈၈၅၄၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ကျပ် ၈၈၆၅၀၀ ဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။     

Most Read

Most Recent