၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလလယ်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော် ရှိနေ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလလယ်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော် ရှိနေ
Published 25 September 2016
နီလာ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ လလယ်အထိ ငါးလခွဲကာလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ကဏ္ဍတွင် ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော် ရှိနေကြောင်း၊ သို့သော်လည်း ယခင်နှစ် ကာလတူထက် ဒေါ်လာ ၇၈၈ သန်းကျော် လျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
“ဒီဘဏ္ဍာနှစ် စက်တင်ဘာ ၁၆ ရက်အထိ ကုန်သွယ်မှုလိုငွေက ဒေါ်လာသန်း ၁၇၀၀ ကျော်ရှိနေ ပေမယ့် မနှစ်ကထက် လျော့ပါ တယ်။ ဒီနှစ်က ပို့ကုန်က ဒေါ် လာ ၂၇၁ သန်းတိုးလာပြီး သွင်းကုန်က ဒေါ်လာ ၅၇၁ သန်းလျော့ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁၆ ရက်အ ထိပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ် လာ ၅ ဒသမ ၁ ဘီလျံကျော်ရရှိခဲ့ပြီး သွင်းကုန်ကဏ္ဍမှဒေါ်လာ ၆ ဒသမ ၈ ဘီလျံကျော်ရရှိခဲ့ပြီး ပြည်ပကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ် လာ ၁၂ ဘီလျံကျော် ရရှိခဲ့သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီ ၁ ရက် မှ စက်တင်ဘာ ၁၆ ရက်အ ထိပြည်ပကုန်သွယ်မှုကဏ္ဍတွင် ပို့ ကုန်ကဏ္ဍမှ ဒေါ်လာ ၄ ဒသမ ၈ ဘီ လျံကျော်ရရှိပြီး သွင်းကုန်ကဏ္ဍမှ ဒေါ်လာ ၇ ဒသမ ၄ ဘီလျံကျော် ရရှိခဲ့ကာကုန်သွယ်မှုပမာဏဒေါ် လာ ၁၂ ဒသမ၂ ဘီလျံကျော် ရရှိခဲ့သည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာ ၁၆ ရက်အထိ ပြည်ပ ကုန်သွယ်မှုတွင်  ကုန်သွယ်မှုလိုငွေ ၂  ဒသမ ၅ ဘီလျံကျော်ရှိခဲ့ပြီး လက်ရှိဘဏ္ဍာနှစ် ကာလတူတွင်မူ  ကုန် သွယ်မှုလိုငွေ ဒေါ်လာ ၁ ဒသမ ၇ ဘီလျံကျော်သာ ရှိခဲ့ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လက်ရှိအချိန်အထိ ယခင်နှစ် ကာလတူထက် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၇၈၈ သန်းကျော် လျော့နည်းနေခြင်းဖြစ်သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လက်ရှိအချိန်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ကုန်သွယ်မှု လျော့ကျနေပြီး နယ်စပ်ကုန်သွယ်ရေးတွင်မူ ယခင်ဘဏ္ဍာနှစ်ကာ လတူထက် ပိုများနေသည်။
 

Most Read

Most Recent