နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၄၄ ကျပ်အထိ ဆက်လက် ကျဆင်းလာပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၇၉၀၀၀ အထိ စံချိန်တင်ဈေး ဖြစ်ပေါ်

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၄၄ ကျပ်အထိ ဆက်လက် ကျဆင်းလာပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၇၉၀၀၀ အထိ စံချိန်တင်ဈေး ဖြစ်ပေါ်
Published 22 September 2016

စက်တင်ဘာ ၂၂ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၄၄ ကျပ်အထိ ဆက်လက်ကျဆင်းလာပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၇၉၀၀၀ အထိ စံချိန်တင်ဈေး ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးနှင့် ရွှေဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်နေသူများထံမှ သိရသည်။စက်တင်ဘာ ၂၁ ရက်က ၁၂၅၁ ကျပ်အထိ ကျဆင်းခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် ၁၂၄၅ ကျပ်ဖြင့် ဈေးစတင် ဖွင့်လှစ်ခဲ့ပြီး ၁၂၄၄ ကျပ်အထိ ကျဆင်းခဲ့ကာ ညနေပိုင်းတွင် ၁၂၄၈ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၂၀ ရက်က လက်ရှိအစိုးရ သက်တမ်းအတွင်း ဖြစ်ပေါ်ခဲ့သော စံချိန်တင် ငွေလဲနှုန်းထား ၁၂၆၁ ကျပ်နှင့် ၁၂၄၄ ကျပ် နှိုင်းယှဉ်ပါက နှစ်ရက်အတွင်း ၁၇ ကျပ် ပြန်လည် ကျဆင်းလာခြင်း ဖြစ်သည်။တစ်ပတ်တာ ကာလအတွင်း ရက်အလိုက် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ စက်တင်ဘာ ၁၆ ရက်တွင် ၁၂၄၆ ကျပ်၊ စက်တင်ဘာ ၁၇ ရက်တွင် ၁၂၄၆ ကျပ်၊ စက်တင်ဘာ ၁၈ ရက်တွင် ၁၂၄၄ ကျပ်နှင့် စက်တင်ဘာ ၁၉ ရက်တွင် ၁၂၄၆ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ၁၂၆၁ ကျပ်၊ စက်တင်ဘာ ၂၁ ရက်တွင် ၁၂၅၉ ကျပ်၊ စက်တင်ဘာ ၂၂ ရက်အတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းထားမှာ ၁၂၄၈ ကျပ်ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ၁၂၄၄ ကျပ်ဖြစ်သည်။ဗဟိုဘဏ်ဈေးနှုန်းများမှာ စက်တင်ဘာ ၂၀ နှင့် ၂၁ ရက်တွင် တစ်ဒေါ်လာ ၁၂၃၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်တွင် သုံးကျပ် လျှော့ချခဲ့ကာ ၁၂၃၂ ကျပ် အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။နှစ်ရက်ဆက်တိုက် နိုင်ငံခြားငွေလဲနှုန်းထား ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ဈေးမြင့်တက်မှုကြောင့် ကျပ် ၈၇၉၀၀၀ အထိ မြင့်တက်ခဲ့သည်။ စက်တင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီခန့်က ကမ္ဘာ့ရွှေဈေး တစ်အောင်စ ဒေါ်လာ ၁၃၁၀ ဝန်းကျင်ရှိရာမှ အမေရိကန် ဗဟိုဘဏ် အတိုးနှုန်းတက်မည့် အခြေအနေ လတ်တလော မရှိတော့ခြင်းကြောင့် ကမ္ဘာ့ရွှေဈေး ၂၂ ဒေါ်လာခန့် မြင့်တက်လာသည်။ ယင်းအခြေအနေများကြောင့် ပြည်တွင်းရွှေဈေးသည် စက်တင်ဘာ ၂၁ ညနေပိုင်းတွင် ကျပ် ၈၇၀၀၀၀ ဝန်းကျင် ရှိရာမှ စက်တင်ဘာ ၂၂ ရက် အဖွင့်ဈေးတွင် ကျပ် ၈၇၅၀၀၀ ဖြင့် စတင်ခဲ့ပြီး ကျပ် ၈၇၉၀၀၀ အထိ ဆက်လက်မြင့်တက်ခဲ့ကာ ညနေပိုင်းတွင် ကျပ် ၈၇၇၀၀၀ ကျော်အထိ ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၂၂ ရက်အတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်းထားမှာ ကျပ် ၈၅၄၄၀၀ ဖြစ်ပြီး အမြင့်ဆုံးနှုန်းထားမှာ ကျပ် ၈၇၉၀၀၀ ဖြစ်သည်။ပြည်တွင်းဈေးကွက်တွင် အမြင့်ဆုံးဖြစ်ပေါ်ခဲ့ဖူးသော စံချိန်တင် ရွှေဈေးနှုန်းများမှာ သြဂုတ် ၂၄ ရက်တွင် ကျပ် ၈၇၆၂၀၀ နှင့် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၈၇၆၅၀၀ တို့ဖြစ်ပြီး ယခု စံချိန်တင် ထပ်မံမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent