ဗဟိုဘဏ် ရည်ညွှန်းနှုန်း ဆက်လက် မတိုးမြှင့်ခဲ့သော စက်တင်ဘာ ၂၁ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၅၁ ကျပ်အထိ ပြန်လည်ကျဆင်း

ဗဟိုဘဏ် ရည်ညွှန်းနှုန်း ဆက်လက် မတိုးမြှင့်ခဲ့သော စက်တင်ဘာ ၂၁ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၅၁ ကျပ်အထိ ပြန်လည်ကျဆင်း
Published 21 September 2016
စည်သူအောင်

ဗဟိုဘဏ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်း ဆက်လက် မတိုးမြှင့်ခဲ့သော စက်တင်ဘာ ၂၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၂၅၁ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ဈေးကွက်အတွင်း အရောင်းအဝယ် ပြုလုပ်သူများထံမှ သိရသည်။
စက်တင်ဘာ ၂၀ ရက်က လက်ရှိအစိုးရ သက်တမ်းအတွင်း စံချိန်တင် ငွေလဲနှုန်းအဖြစ် တစ်ဒေါ်လာ ၁၂၆၁ ကျပ်အထိဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းလှုပ်ခတ်မှုများခဲ့ရာ ယင်းနေ့အတွင်း အနိမ့်ဆုံးငွေလဲနှုန်းမှာ ၁၂၄၉ ကျပ်  (နံနက် ၉ နာရီ) ဖြစ်ပြီး အမြင့်ဆုံး ငွေလဲနှုန်းမှာ ၁၂၆၁ ကျပ် (မွန်းလွဲ ၁ နာရီ ၂၀ မိနစ်) ဖြစ်သည်။
စက်တင်ဘာ ၂၀ ရက် ညနေပိုင်းတွင် တစ်ဒေါ်လာ ၁၂၅၇ ကျပ်အထိပြန်လည် ကျဆင်းခဲ့သော နိုင်ငံခြား ငွေလဲနှုန်းသည် စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီတွင် ၁၂၅၉ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး  နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ၁၂၅၈ ကျပ်၊ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် ၁၂၅၆ ကျပ်၊ မွန်းတည့် ၁၂ နာရီခန့်တွင် ၁၂၅၄ ကျပ်၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့် တွင် ၁၂၅၂ ကျပ်၊ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် ၁၂၅၀ ကျပ်အထိ ဆက်လက်ကျ ဆင်းခဲ့ပြီး ညနေ၄ နာရီခန့်တွင် တစ်ဒေါ်လာ ၁၂၅၁ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ ကြောင်း သိရသည်။
တစ်ပတ်တာ ကာလအတွင်း ရက်အလိုက် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲ နှုန်းထားများမှာ စက်တင်ဘာ ၁၄ ရက်တွင် ၁၂၃၂ ကျပ်၊ စက်တင်ဘာ ၁၅ ရက်တွင် တစ်ဒေါ်လာ ၁၂၃၆ ကျပ်၊ စက်တင်ဘာ ၁၆ ရက်တွင် ၁၂၄၆ ကျပ်၊ စက်တင်ဘာ ၁၇ ရက်တွင် ၁၂၄၆ ကျပ်၊ စက်တင်ဘာ ၁၈ ရက် တွင် ၁၂၄၄ ကျပ်နှင့် စက်တင်ဘာ ၁၉ ရက် တွင် ၁၂၄၆ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ၁၂၆၁ ကျပ်၊ စက်တင်ဘာ ၂၁ ရက်အတွင်း အမြင့်ဆုံးဖြစ်ပေါ်ခဲ့သော နှုန်းထားမှာ ၁၂၅၉ ကျပ်ဖြစ်ပြီး အနိမ့်ဆုံး နှုန်းထားမှာ ၁၂၅၀ ကျပ်ဖြစ်သည်။
ယခုရက်ပိုင်း ပြင်ပဈေးကွက်အတွင်း  နိုင်ငံခြားငွေလဲနှုန်းတန်ဖိုး ဆက်တိုက် မြင့်တက်ခဲ့ခြင်းကြောင့် ဗဟိုဘဏ်၏ ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ဆက်တိုက်တိုးမြှင့် သတ်မှတ်ခဲ့သော်လည်း စက်တင်ဘာ ၂၁ ရက်တွင် ဆက်လက်တိုးမြှင့် မသတ်မှတ်ခဲ့ဘဲ စက်တင်ဘာ ၂၀ ရက်ဈေးနှုန်း အတိုင်းသာ ထားရှိခဲ့သည်။ တစ်ပတ်အတွင်း ဗဟိုဘဏ်ဈေးနှုန်းများမှာ စက်တင်ဘာ ၁၄ ရက်တွင် တစ်ဒေါ် လာ ၁၂၁၇ ကျပ်၊ စက်တင်ဘာ ၁၅ ရက်တွင် တစ်ဒေါ်လာ ၁၂၂၀ ကျပ်၊ စက်တင်ဘာ  ၁၆ ရက်တွင် တစ်ဒေါ်လာ ၁၂၂၃ ကျပ်အထိ တိုးမြှင့်ခဲ့ပြီး စက်တင်ဘာ ၁၉ ရက်တွင် ကျပ် ၁၂၃၀၊ စက်တင်ဘာ ၂၀ နှင့် ၂၁ ရက်တွင် တစ်ဒေါ်လာ ၁၂၃၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent