ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင်ရှိနေ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင်ရှိနေ
Published 13 September 2023

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင်ရှိနေကြောင်းနိုင်ငံခြား ငွေကြေးရောင်းဝယ် သူများထံမှ သိရသည်။

သို့ရာတွင် ငွေလဲကောင်တာအချို့မှာ အရောင်းအဝယ် ပိတ်ထားကြောင်းစုံစမ်း သိရသည်။

“အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာဝယ်ရောင်းစျေးက ၃၅၀၀ ကျော်မှာ ရှိနေပါတယ်။ ခုနေ့လည်မှာတော့ တစ်ဒေါ်လာ ၃၅၀၀ ကျပ်ဝန်းကျင်နဲ့ပြန်ရောင်းနေတာကို တွေ့ရပါတယ်ဟု ငွေလဲလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၂ရက် ညနေပိုင်းတွင် ရွှေနှင့်ငွေစျေးကွက် အနည်းငယ်ပြန်လည်ကျဆင်းလာခဲ့သည်ဟု သိရပြီး ထိုင်းဘတ်စျေးအနေဖြင့် ဘတ်ပေးကျပ်ယူ ၁၀၅၀ (တစ်သိန်း)၊ ကျပ်ပေးဘတ်ယူ ၁၀၂၀ (တစ်သိန်း) ဝန်းကျင်ထိ ပြန်လည်ကျဆင်းလာခဲ့ကြောင်း သိရသည်။ ပြင်ပစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၅ သိန်းခွဲ နီးပါးအထိ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေများပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများမြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများလွယ်ကူစွာရရှိနိုင်ရေး၊ ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ် ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်းပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent