၂၀၂၃-၂၀၂၃ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၈၄ သန်းကျော် ဝင်ရောက်ခဲ့ပြီး တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၆ သန်းကျော် ဝင်ရောက်ခဲ့ခြင်းဖြစ်

၂၀၂၃-၂၀၂၃ ဘဏ္ဍာနှစ် သြဂုတ်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၈၄ သန်းကျော် ဝင်ရောက်ခဲ့ပြီး တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၆ သန်းကျော် ဝင်ရောက်ခဲ့ခြင်းဖြစ်
နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 12 September 2023

၂၀၂၃-၂၀၂၃ ဘဏ္ဍာနှစ်  ဧပြီမှ သြဂုတ်လကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၈၄ သန်းကျော် ဝင်ရောက်ခဲ့ပြီး တစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၆ သန်းကျော် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှသြဂုတ်လကုန်အထိ ကဏ္ဍအလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုအနေဖြင့် လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂ ဒသမ ၅၇၈ သန်း၊ မွေးမြူ ရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၃ ဒသမ ၀၅၀ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၆၃ ဒသမ ၅၂၉ သန်း၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၃၁၇ ဒသမ ၁၇၈ သန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ် နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၇၇ ဒသမ ၈၂၀ သန်းဖြင့် စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၈၄ ဒသမ ၁၅၅ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီမှဇူလိုင်လကုန်အထိ ဒေါ်လာ ၄၆၇ ဒသမ ၇၉၃ သန်းဝင်ရောက်ခဲ့ကာ သြဂုတ်လကုန်အထိမူ ဒေါ်လာ ၄၈၄ ဒသမ ၁၅၅ သန်းအထိ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဧပြီမှ မတ်လကုန်အထိတစ်နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူနိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင်ဒေါ်လာ  ၁၁၅၈ ဒသမ ၇၄၄ သန်း၊ Belize က ဒေါ်လာ  ၁ ဒသမ  ၅ သန်း၊ ဘင်္ဂ လားဒေ့ရှ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ တစ်သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု ၁၆၁ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ  ၄ ဒသမ ၄၁၄ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၆၉ ဒသမ ၅၆၈သန်း၊ အိန္ဒိယက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁ ဒသမ ၅၄၅ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင်၂၁ ဒသမ ၄၇၆ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၅၃ ဒသမ ၁၄၉ သန်း၊ Samoa က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂ ဒသ မ ၃၈၉ သန်း၊ Seychelles က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၈ သန်း၊ ဆွစ်ဇာလန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၆၇၇ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၉၈ ဒသမ ၃၅၀ သန်း၊ U.K က ဒေါ်လာ ၂ ဒသမ ၀၅၆ သန်း၊ ဗီယက်နမ်က ဒေါ်လာ ၀ ဒသမ ၃၀၀ သန်းဖြင့် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၆၄၀ ဒသမ ၆၆၇ သန်း ဝင်ရောက်မြှုပ်နှံထားခြင်း ဖြစ်သည်။

 

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) ခြောက်လအတွင်း နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၄၂ ဒသ မ ၁၃၇ သန်း၊ တိုင်ပေက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၈ ဒသမ ၆၄၁ သန်း၊ ပြင်သစ်က ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊ အိန္ဒိယနိုင်ငံက ဒေါ်လာ ၀ ဒသမ ၅၅၀ သန်း၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ် လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၄ ဒသမ ၅၃၀ သန်း၊ မလေး ရှားက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၆၂ ဒသမ ၆၉၃ သန်း၊ Samoa က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာနှစ်သန်း၊ Seychelles က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ခုနစ်သန်း၊ နယ်သာလန်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ လေးသန်းစသည်တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent