အမေရိကန်ရှိ ကိုရီးယား - အမေရိကန်အသိုင်းအဝိုင်း၏ ဝေဖန်မှုများနှင့် လီဆွန်းဂီ ရင်ဆိုင်နေရ

အမေရိကန်ရှိ ကိုရီးယား - အမေရိကန်အသိုင်းအဝိုင်း၏ ဝေဖန်မှုများနှင့် လီဆွန်းဂီ ရင်ဆိုင်နေရ
Photo - Allkpop
Photo - Allkpop
Published 9 September 2023

တောင်ကိုရီးယားသရုပ်ဆောင်တစ်ဦးဖြစ်ပြီး အဆိုတော်တစ်ဦးလည်းဖြစ်သည့် လီဆွန်းဂီသည် အမေရိကန်ရှိ ကိုရီးယား-အမေရိကန် အသိုင်းအဝိုင်း၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

သြဂုတ် ၃၀ ရက်က လီသည် ၎င်း၏ပထမဆုံးအမေရိကန်ဖျော်ဖြေပွဲ တစ်စိတ်တစ်ပိုင်းအဖြစ် အတ္တလန်တာတွင် ဖျော်ဖြေပွဲကျင်းပခဲ့သည်။

သြဂုတ် ၂၆ ရက်က လော့စ်အိန်ဂျလိစ်မှ ထွက်ခွာလာခဲ့ပြီးနောက် ၎င်းင်း၏အမေရိကန် ခရီးသွားစီမံခန့်ခွဲရေးကုမ္ပဏီနှင့် Kakao Talks မှ အပြန်အလှန်စာပေးပို့မှုအရ သဘောတူထားသော အတ္တလန်တာရှိ ကိုရီးယား စားသောက်ဆိုင်အများအပြားသို့ သွားရောက်လည်ပတ်ရန်အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်ဟု Hugh Entertainment က ဆိုသည်။

လီသည် ၎င်းင်း၏ဖျော်ဖြေပွဲကို ထောက်ပံ့ပေးမှုအတွက် အပြန်အလှန်အနေဖြင့် ၎င်း၏ပရိသတ်များကို ဓာတ်ပုံများနှင့် လက်မှတ်များထိုးပေးရန်နှင့် အဖွဲ့သားအားလုံးကို တည်ခင်းဧည့်ခံရန်အတွက် စားသောက်ဆိုင် သုံးဆိုင်သို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

လီသည် ကျန်းမာရေးမကောင်းသောကြောင့်ဟုဆိုကာ ၎င်းင်း၏ကတိကဝတ်ကို ပျက်ကွက်ခဲ့သည်ဟုဆိုသည်။

“လီက လည်ပတ်မယ့်အချိန် အနားကပ်မှ ဖျက်သိမ်းလိုက်တဲ့အတွက် သွားရောက်လည်ပတ်မယ်လို့ပြောထားတဲ့ စားသောက်ဆိုင်သုံးဆိုင်က မကျေမနပ်ဖြစ်နေပါတယ်။ ဒါ့ပြင် သူ့ရဲ့ပရိသတ်တွေကလည်း စိတ်ပျက်နေကြပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ လီကိုယ်တိုင် ချခဲ့တာလား ဒါမှမဟုတ် သူ့ရဲ့ စီမံခန့်ခွဲရေးကုမ္ပဏီက ဆုံးဖြတ်ခဲ့တာလားဆိုတာကိုတော့ သေချာမသိပါဘူး”ဟု သတင်းတွင်ဆိုသည်။

Most Read

Most Recent