ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင်ရှိနေဟု သိရ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင်ရှိနေဟု သိရ
Published 7 September 2023

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်း ကျင်ရှိနေကြောင်း နိုင်ငံခြားငွေကြေးရောင်း ဝယ်သူများထံမှ သိရသည်။

သို့ရာတွင် ငွေလဲကောင်တာအချို့မှာ အရောင်းအဝယ် ပိတ်ထားကြောင်းစုံစမ်း သိရသည်။ “အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာဝယ်ရောင်းစျေးက ၃၅၀၀ ကျော်မှာ ရှိနေပါတယ်။ Black Market မှာတော့ တစ်ဒေါ် လာ ၃၅၀၀ ကနေ ၃၆၀၀ ဝန်းကျင်ထိ  ပြန်ရောင်းနေတယ်လို့သိရပါတယ်။  စျေးကတော့ ကြိုက်ရောင်း ကြိုက်ဝယ်သဘောမျိုးပါပဲ။ ငွေလဲကောင်တာတွေကတော့ဗဟိုဘဏ် စျေးနှုန်းနဲ့ပဲ ဖွင့်လှစ်နေတာများပါတယ်”ဟု  နိုင်ငံခြားငွေကြေးရောင်းဝယ်သူ တစ်ဦးကဆိုသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၃ ခု နှစ်စက်တင်ဘာ ၇ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို၃၈၅ဝကျပ်၊ စင်ကာပူဒေါ် လာ ၂၄၅၀ ကျပ်၊ မလေးရှားရင်းဂစ် ကျပ် ၇၅၅၊ ထိုင်းဘတ် ကျပ် ၉၀.၆၅၊ တရုတ်ယွမ် ၄၁၈ ကျပ်၊ ဂျပန်ယန်း ၂၁.၂၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေများပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများမြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများလွယ်ကူစွာရရှိနိုင်ရေး၊ ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ် ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်းပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent