၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ရှစ်ခုက စတော့ရှယ်ယာစောင်ရေ  ၅၀၉၈၂၇ နှင့် စတော့ရှယ်ယာတန်ဖိုး ကျပ် ၁ ဒသမ ၃ ဘီလျံ အရောင်းအဝယ်ဖြစ်မြောက်ခဲ့

၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ရှစ်ခုက စတော့ရှယ်ယာစောင်ရေ  ၅၀၉၈၂၇ နှင့် စတော့ရှယ်ယာတန်ဖိုး ကျပ် ၁ ဒသမ ၃ ဘီလျံ အရောင်းအဝယ်ဖြစ်မြောက်ခဲ့
ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ဖြစ်မြောက်မှုအခြေအနေကို လာရောက်လေ့လာနေသူများအား တွေ့ရစဉ်
ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ဖြစ်မြောက်မှုအခြေအနေကို လာရောက်လေ့လာနေသူများအား တွေ့ရစဉ်
Published 7 September 2023

၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီရှစ်ခုက စတော့ရှယ်ယာစောင်ရေ  ၅၀၉၈၂၇ နှင့် စတော့ရှယ်ယာတန်ဖိုးကျပ် ၁ ဒသမ ၃ ဘီလျံအရောင်းအဝယ် ဖြစ်မြောက်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း Continuous Trading စနစ်ဖြင့် စတော့ရှယ်ယာစောင်ရေ ၂၈၆၄၀၇ နှင့်စတော့ရှယ်ယာ တန်ဖိုး ကျပ် ၈၄၆ ဒသမ ၃၁ သန်းအရောင်းအဝယ် ဖြစ်မြောက်ခဲ့သည်။ Block Trading  စနစ်ဖြင့် စတော့ရှယ်ယာစောင်ရေ  ၂၂၃၄၂၀ နှင့် စတော့ရှယ်ယာ တန်ဖိုးကျပ် ၄၅ဝဒသမ ၅၄ သန်းအရောင်းအဝယ် ဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

စာရင်းဝင်ကုမ္ပဏီတစ်ခုချင်းအလိုက် အရောင်းအဝယ်ဖြစ်မြောက်မှုအနေဖြင့်  FMI(First Myanmar Investment Public Col.,td)ကုမ္ပဏီက စတော့ရှယ်ယာစောင်ရေ  ၂၀၁၉၇ နှင့်စတော့ရှယ်ယာတန်ဖိုး ကျပ် ၁၈၀ ဒသမ ၇၈ သန်းအရောင်းအဝယ်ဖြစ် မြောက်ခဲ့ခြင်းဖြစ်သည်။

MTSH (Myanmar Thilawa SEZ Holding Public Co.,Ldt) ကုမ္ပဏီက စတော့ရှယ်ယာစောင်ရေ ၁၇၅၃၃၁ နှင့် စတော့ ရှယ်ယာတန်ဖိုး ကျပ် ၅၄၆ ဒသမ ၈၂ သန်း အရောင်းအဝယ်ဖြစ်မြောက်ခဲ့သည်။

MCB (Myanmar Citizens Bank Ltd)ကုမ္ပဏီက စတော့ရှယ်ယာစောင် ရေ ၁၈၃၄ နှင့်စတော့ရှယ်ယာတန်ဖိုး ကျပ် ၁၃ ဒသမ ၉၆ သန်းအရောင်းအဝယ်ဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

FPB(First Private Bank Ltd)ကုမ္ပဏီက စတော့ရှယ်ယာစောင်ရေ  ၁၉၂၈၄၃ နှင့်စတော့ရှယ်ယာတန်ဖိုး ကျပ် ၃၀၉ ဒသမ ၃၄ သန်းအရောင်းအဝယ် ဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

TMH(TMH Telecom Public Co.,Ltd) ကုမ္ပဏီက စတော့ရှယ်ယာ စောင်ရေ ၁၀၀၁ နှင့်စတော့ရှယ်ယာ တန်ဖိုး ကျပ် ၂ ဒသမ ၄၀ သန်းအရောင်းအဝယ်ဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

EFR(Ever Flow River Group Public Co.,Ltd)ကုမ္ပဏီက  စတော့ရှယ်ယာ စောင်ရေ ၃၄၁၆၀ နှင့်စတော့ရှယ်ယာတန်ဖိုးကျပ် ၇၈ ဒသမ ၆၇ သန်းအရောင်းအဝယ်ဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

AMATA ကုမ္ပဏီက စတော့ရှယ်ယာ စောင်ရေ ၉၅၇ နှင့်စတော့ရှယ်ယာ တန်ဖိုးကျပ် ၄ ဒသမ ၆၇ သန်းအရောင်းအဝယ်ဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

MAEX(Myanmar Agro Exchange Public Co.,Ltd)ကုမ္ပဏီက စတော့ရှယ်ယာစောင်ရေ ၈၃၅၀၄ နှင့်စတော့ရှယ်ယာ တန်ဖိုး ကျပ် ၁၆၀  ဒသမ ၂၀ သန်းအရောင်းအဝယ်ဖြစ်မြောက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဧပြီမှ ဇွန်လ အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ် ၁၃၇၇ သန်းကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ  မတ်လထက် ၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း  ရန်ကုန်စတော့အိတ်ချိန်းတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်း၏ အစုရှယ်ယာအရောင်းအဝယ်ဖြစ်မှုအနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက်ထုတ်ပြန်ချက်အရ FMI ကုမ္ပဏီက စျေးနှုန်းမှာ ကျပ် ၉၂၀၀ ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၄၈ ခုရှိသည်။ MTSH ကုမ္ပဏီက စျေးနှုန်းမှာ ၃၁၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၆၉၉၅ ခုရှိနေသည်။ MCB ကုမ္ပဏီက စျေးနှုန်းမှာရ၉ဝဝကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၂၀၉ ခု၊ MCB ကုမ္ပဏီကစျေးနှုန်းမှာ ၁၇၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ၄၂၅ ခု၊ FPB ကုမ္ပဏီကစျေးနှုန်းမှာ ၂၄၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၅ ခုရှိ နေသည်။TMH ကုမ္ပဏီကစျေးနှုန်းမှာ ၂၃၀၀ ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၂၅ ခု၊ AMATA ကုမ္ပဏီက စျေးနှုန်းမှာ ၄၉ဝဝကျပ် ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့်ရှယ်ယာ ၄၀၇ ခု၊ MAEX ကုမ္ပဏီက စျေးနှုန်းမှာ ကျပ် ၁၈၅၀ ဖြစ်ပြီး အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာ ၂၅၉ ခု ရှိခဲ့သည်။