စားသုံးဆီလက်ကားကုန်သည်များ၊ အရောင်းဆိုင်များက ရည်ညွှန်းစျေးအပေါ် အမြတ် ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုရန်နှင့် လက်ကားစျေးဖြင့် ဝယ်ယူရရှိခြင်းမရှိပါက တိုင်ကြားနိုင်

စားသုံးဆီလက်ကားကုန်သည်များ၊ အရောင်းဆိုင်များက ရည်ညွှန်းစျေးအပေါ် အမြတ် ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုရန်နှင့် လက်ကားစျေးဖြင့် ဝယ်ယူရရှိခြင်းမရှိပါက တိုင်ကြားနိုင်
သာကေတစက်မှုလက်မှုရပ်ကွက်အတွင်း စားအုန်းဆီများလာရောက်ရောင်းချနေမှုကို  သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
သာကေတစက်မှုလက်မှုရပ်ကွက်အတွင်း စားအုန်းဆီများလာရောက်ရောင်းချနေမှုကို  သြဂုတ်လဆန်းပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 6 September 2023

လက်ကားကုန်သည်များ၊အရောင်း ဆိုင်များအနေဖြင့် ရည်ညွှန်းစျေးအပေါ်အမြတ် ၁၀ ရာခိုင်နှုန်းထက် ကျော်လွန် ရောင်းချခြင်းမပြုရန်နှင့် လက်ကားရည် ညွှန်းစျေးဖြင့် ဝယ်ယူရရှိခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်းသည် စားသုံးဆီစျေးနှုန်းများ တည်ငြိမ်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် သြဂုတ် ၂၈ ရက်မှစပြီး “စားသုံးဆီစျေးနှုန်းတည်ငြိမ်စေရေး လုပ်ငန်းအဖွဲ့”ကို အသင်း၏ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စားသုံးဆီတင်သွင်းသော  ကုမ္ပဏီများမှ ပါဝင်သော ၂၉ ဦးအဖွဲ့ဖြင့် ဖွဲ့ စည်း၍ ဆီတင်သွင်းသောကုမ္ပဏီများမှ ဆီရောင်းချရေးကို စီမံဆောင်ရွက်လျက်ရှိသည်။

စားသုံးဆီများကို စျေးကွက်အတွင်း ပျံ့နှံရောက်ရှိစေရန်၊ စားသုံးသူများအား လက်လွှဲပြောင်းမှုအနည်းဆုံးဖြင့် တိုက်ရိုက်ရောင်း ချနိုင်ရန်၊ စားသုံးသူများ သက်သာသောစျေးဖြင့် ဝယ်ယူရရှိနိုင်ရန်၊ ဆီအရောင်းဆိုင်  ကြီးများအနေဖြင့် လက်ကားရည်ညွှန်းစျေးဖြင့် ဝယ်ယူရရှိနိုင်စေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိသည်။

လက်ကားရည်ညွှန်းစျေးဖြင့် ဝယ်ယူရရှိသော လက်ကားကုန်သည်ကြီးများအရောင်း ဆိုင်ကြီးများအနေဖြင့် လက်ကားရည်ညွှန်း စျေးအပေါ်တွင် အသားတင်အမြတ်နှစ်ရာ ခိုင်နှုန်းနှင့် အထွေထွေကုန်ကျစရိတ်ပေါင်း ပြီးသောစျေးနှုန်းဖြင့် ရောင်းချရန်နှင့် အဆင့်ဆင့်လက်လွှဲ၍ ဝယ်ယူရောင်းချရသည့်တိုင်အောင် စားသုံးသူအထိ ရောင်းချရာတွင် ရည်ညွှန်းစျေးအပေါ်တွင် စုစုပေါင်းအမြတ် ငွေ ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်၍ ရောင်း  ချခြင်းမပြုရန်လည်း အသိပေးနှိုးဆော်ထားသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ ဘုရင့်နောင်၊ ညောင်ပင်လေးစျေးနှင့်မြို့နယ်များရှိစျေးများ၊ ရပ်ကွက်အတွင်းရှိအရောင်းဆိုင်များအပြင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းခွဲများရှိရာ မြို့နယ်များဖြစ်သည့် နေပြည်တော်၊မန္တလေး၊မကွေး ၊ ပဲခူး၊ပြည်၊တောင်ကြီး၊မြင်းခြံ၊ရွှေဘို၊ပခုက္ကူ ၊ အောင်လံ၊ ကျောက်ပန်းတောင်း၊မိတ္ထီလာ၊ ပုသိမ်၊မော်လမြိုင်၊ရမည်းသင်း၊ကျောက်ဆည်၊ ပြင်ဦးလွင်၊ညောင်ဦး၊ မြိတ်၊ကော့ သောင် း၊ထားဝယ်၊လားရှိုး၊ဘားအံ၊စစ်တွေနှင့် မြစ်ကြီးနားစသည့်မြို့နယ်များတွင်လည်း ရောင်းချပေးလျက်ရှိသည်။ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက်လည်း ဆက်လ က်ဖြန့်ဖြူးရောင်းချပေးမည် ဖြစ်သည်။

သို့ဖြစ်ရာ အထက်ပါမြို့နယ်များမှအရောင်းဆိုင်များအနေဖြင့် လက်ကားရည် ညွှန်းစျေးဖြင့် ဝယ်ယူရရှိခြင်းမရှိပါက “စားသုံးသူစျေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့” ဖုန်း-၀၉၇၅၇၄၈၂၉၁၂ နှင့် ၀၉၇၅၆၅၇ -၅၂၁၆ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည်။

ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် စျေးကွက်နှင့်စျေးနှုန်းဖြစ်ပေါ်မှုများအရ  ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်မှစက်တင်ဘာ ၁၀ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးမှာ စားအုန်းဆီ တစ်ပိဿာလျှင် ၄၁၆၀  ကျပ်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။