လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းချရေး သတိပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ရက်ပိုင်းအတွင်း စားအုန်းဆီစျေးနှုန်းများ သိသာစွာကျဆင်းမည်ဖြစ်ကြောင်း သိရ

လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းချရေး သတိပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ရက်ပိုင်းအတွင်း စားအုန်းဆီစျေးနှုန်းများ သိသာစွာကျဆင်းမည်ဖြစ်ကြောင်း သိရ
ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို တွေ့ရစဉ်
ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ (၁/၂၀၂၃) အစည်းအဝေးကို တွေ့ရစဉ်
Published 31 August 2023

လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ၍ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းချရေး သတိပေးပြောကြားခဲ့ပြီးဖြစ်သဖြင့်  ရက်ပိုင်းအတွင်း စားအုန်းဆီစျေးနှုန်းများ သိသာစွာ ကျဆင်းမည်ဖြစ်ကြောင်း  ပြည်တွင်းစားသုံးဆီစျေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးမှ သိရ သည်။

ပြည်တွင်းစားသုံးဆီစျေးနှုန်း တည်ငြိမ်ကျဆင်းစေရေး ညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၃၀ ရက်က  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၃) အစည်းအဝေးခန်းမ (၂)၌ ကျင်းပရာ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတက် ရောက်အမှာစကား ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် စားအုန်းဆီကို ပြည်သူများစျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားသုံးဆီတင်သွင်းရာတွင် ဝယ်ယူကုန်ကျသည့် နိုင်ငံခြားငွေ၏ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရည်ညွှန်းငွေလဲ လှယ်နှုန်းဖြင့်လည်းကောင်း၊ ကျန် ၅၀ ရာခိုင်နှုန်းကို ပြင်ပစျေးထက်သက်သာသည့် နိုင်ငံ ခြားငွေလဲလှယ်မှုနှုန်းထားဖြင့်လည်း ပံ့ပိုးဆောင်ရွက်ပေးထားကြောင်း၊ ထို့ပြင် ဝယ်ယူတင်သွင်းသူများ ငွေကြေးအခက်အခဲမပေါ် ပေါက်စေရေးအတွက် ဗဟိုဘဏ်က သီးခြားအစီအစဉ်ဖြင့်လည်း ထောက်ကူပေးထားပါကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီအခြေခံ ရည်ညွှန်းစျေးကိုလည်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက အပတ်စဉ်ပုံမှန်တွက်ချက်ထုတ်ပြန်ပေးလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

သို့ရာတွင် စားသုံးသူစျေးကွက်တွင် စားအုန်းဆီစျေးနှုန်းများမှာဖြစ်သင့်ဖြစ်ထိုက်သည်ထက် များစွာမြင့်တက်နေပြီး နိုင်ငံတော်အကြီးအကဲ၏ စေတနာဖြင့်ဆောင်ရွက်ပေးသည့် အစီအစဉ်ကို စားသုံးသူပြည် သူများခံစားရခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊ စားအုန်းဆီစျေးများမြင့်တက်နေမှုနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး အနေဖြင့် ဇူလိုင်(၁) ရက်က ရန်ကုန်မြို့တွင် လုပ်ငန်းရှင်များအားခေါ်ယူတွေ့ဆုံ၍ ဖြစ် သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းချရေးသတိပေးပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိအကျိုးအမြတ်ရရှိမှု တစ်ခုတည်းကိုသာ ဦးမတည်ဘဲ စားသုံးသူများသက်သာချောင်ချိစွာစားသုံးနိုင်ရေးအတွက် ဦးစားပေးစဉ်းစားရန်လိုအပ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ညှိနှိုင်းရရှိမှုများကို လက်တွေ့ကျကျ ကြပ်မတ်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ရက်ပိုင်းအတွင်း စားအုန်းဆီစျေးနှုန်းများ သိသာစွာကျဆင်းစေရေး ဆောင်ရွက်မည် ဖြစ်၍ ပူးပေါင်းပါဝင်ကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း စားသုံးဆီ ဖြန့်ဖြူးမှုနှင့်ပတ်သက်၍ လိုအပ်သည့် အစီအမံများချမှတ်ကာ ကြပ်မတ်သွားမည်ဖြစ် သည့်အတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

ယင်းနောက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် စားသုံးဆီတင် သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများကစားသုံးဆီ ပြည်တွင်းပို့ဆောင်ရာတွင် QR Code ဖြင့် ကြပ်မတ်မည့် အစီအစဉ်၊ နေ့စဉ်ကုန်လက် ကျန်သတင်းပို့မှုအစီအစဉ်၊ လက်ကားနှင့်လက်လီရောင်းချသူများအကြား စျေးနှုန်းကွာဟမှုမရှိစေရေးနှင့် မြို့ကြီးများအလိုက်သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီဝယ်ယူရရှိနိုင်ရေးဆောင်ရွက်မည့် အစီအစဉ်များ နှင့်ပတ်သက်၍ အသေးစိတ် ညှိနှိုင်းဆွေးနွေးကြခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက သတ်မှတ်ရည်ညွှန်းစျေးကိုအခြေခံပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၏ စျေးကွက်များ၌ ဖြန့်ဖြူးရောင်းချရာတွင် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းကို ရှောင်ကြဉ်မည်ဖြစ်ကြောင်း၊ ရည်ညွှန်းစျေးအပေါ်အခြေခံကာ သက်သာသည့်စျေးနှုန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ စားသုံးဆီစျေးနှုန်းများကို လက်ရှိအခြေအနေမှ လျှော့ချသွားရေး ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာနကကြပ်မတ်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် အပြည့်အဝလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ကတိကဝတ်ပြုကြကြောင်း သိရသည်။

Most Read

Most Recent