စားအုန်းဆီလက်ကျန်များကို လက်ကားရည်ညွှန်းစျေးအပေါ်တွင် အထွေထွေကုန်ကျစရိတ်များနှင့် အသားတင်အမြတ် နှစ်ရာခိုင်နှုန်းထက် မပိုသောစျေးဖြင့် ရောင်းချနိုင်ရေးဆောင်ရွက်

စားအုန်းဆီလက်ကျန်များကို လက်ကားရည်ညွှန်းစျေးအပေါ်တွင် အထွေထွေကုန်ကျစရိတ်များနှင့် အသားတင်အမြတ် နှစ်ရာခိုင်နှုန်းထက် မပိုသောစျေးဖြင့် ရောင်းချနိုင်ရေးဆောင်ရွက်
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-MEODA)
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-MEODA)
Published 29 August 2023

စားအုန်းဆီလက်ကျန်များကို စျေးကွက်အတွင်း လက်ကားရည်ညွှန်းစျေးအပေါ်တွင် အထွေထွေကုန်ကျစရိတ်များနှင့် အသားတင်အမြတ်နှစ်ရာခိုင်နှုန်းထက် မပိုသောစျေးဖြင့် ရောင်းချနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

ထို့ပြင် အဆင့်ဆင့်လက်လွှဲရောင်းချသည့်တိုင်အောင် အသားတင်အမြတ် ၁၀ ရာခိုင်နှုန်းထက် မပိုသောစျေးနှုန်းဖြင့်သာ ရောင်းချရေးတို့ကို ကြီးကြပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စားသုံးဆီများကို စျေးကွက်အတွင်း ပြန့်ပြန့်နှံ့နှံ့ရောက်ရှိစေရန်နှင့် စားသုံးသူများ သက်သာသောစျေးဖြင့် ဝယ်ယူရရှိနိုင်ရန် အသင်းမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စားသုံးဆီလက်လီ၊ လက်ကားကုန်သည်များနှင့် ဆီအရောင်းဆိုင်များအနေဖြင့် လက်ကားရည်ညွှန်းစျေးနှုန်းဖြင့် ဝယ်ယူရရှိစေရေးအတွက် စျေးကွက်အတွင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချရာတွင် ပွင့််လင်းမြင်သာမှုရှိစေရန်ရည်ရွယ်၍ မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ၂၀၂၃ ခုနှစ် သြဂုတ် ၂၈ ရက်တွင် ‘စားသုံးဆီစျေးနှုန်း တည်ငြိမ်စေရေးလုပ် ငန်းအဖွဲ့’ကို ဖွဲ့စည်းခဲ့သည်။

အဆိုပါလုပ်ငန်းအဖွဲ့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်၊ စားသုံးဆီတင်သွင်းသောကုမ္ပဏီများ၏ တာဝန်ရှိသူများပါဝင်သော လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ် သည်။

စျေးကွက်အတွင်း စားသုံးဆီလွယ်ကူစွာ ဝယ်ယူရရှိနိုင်ရေးနှင့် စားသုံးသူ (End User)များ ဝယ်ယူရသည့်အချိန်အထိ စျေး နှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေး ထိန်းသိမ်းကြပ်မတ်သွားရန်လည်း ရည်ရွယ်ကြောင်း ထုတ်ပြန်ထားသည်။

စားသုံးဆီစျေးများ တည်ငြိမ်စေရေးအတွက် ၂၀၂၃ခုနှစ် သြဂုတ် ၂၆ ရက်တွင် ဘုရင့် နောင်ကုန်စည်ဒိုင် အစည်းအဝေးခန်းမ၌  ပြုလုပ်သော အစည်းအဝေးတွင် စားအုန်းဆီလက်ကျန်ရှိနေသောကုမ္ပဦ ၁၆ ခုအနက် Six Winner Brothers Co.,Ltd မှ ကုမ္ပဏီ၏ လက်ကျန်စားအုန်းဆီများကို ကုမ္ပဏီ၏ အစီအစဉ်ဖြင့်သာ ရောင်းချမည်ဟု ပြောကြားခဲ့ သော်လည်း သြဂုတ် ၂၈ ရက်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် ပြန်လည်ပါဝင်လာခဲ့ပြီး လုပ်ငန်းအဖွဲ့၏ စီစဉ်ကြီးကြပ်မှုအတိုင်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြလာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စားအုန်းဆီလက်ကျန်များကို စျေးကွက်အတွင်း လက်ကားရည်ညွှန်းစျေးအပေါ်တွင် အထွေထွေကုန်ကျစရိတ်များနှင့် အသားတင် အမြတ်နှစ်ရာခိုင်နှုန်းထက် မပိုသောစျေးဖြင့် ရောင်းချနိုင်ရေးနှင့် အဆင့်ဆင့်လက်လွှဲ ရောင်းချသည့်တိုင်အောင် အသားတင်အမြတ် ၁၀ ရာခိုင်နှုန်းထက် မပိုသောစျေးနှုန်းဖြင့်သာ ရောင်းချရေးတို့ကို ကြီးကြပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စျေးကွက်နှင့်စျေးနှုန်းဖြစ်ပေါ်မှုများအရ သြဂုတ် ၂၈ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၄၁၅၅ ကျပ်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Most Read

Most Recent