ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်းကျင်ရှိနေ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်းကျင်ရှိနေ
Published 23 August 2023

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၃၆၀၀ ဝန်းကျင် ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

သို့ရာတွင် ငွေလဲကောင်တာအချို့မှာ အရောင်းအဝယ် ပိတ်ထားကြောင်းစုံစမ်း သိရသည်။ “အခုကတော့ ပြင်ပစျေးကွက်မှာ ဒေါ်လာဝယ်ရောင်းစျေးက ၃၆၀၀ ကျော်မှာ ရှိနေပါတယ်။ ခုနေ့လည်မှာတော့ တစ်ဒေါ်လာ ၃၆၀၀ ကျပ်ဝန်းကျင်နဲ့ပြန်ရောင်းနေတာကို တွေ့ရပါတယ်”ဟု ငွေလဲလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၃ ခုနှစ် သြဂုတ် ၂၃ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၃၇၂၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၅၂၅ ကျပ်၊ မလေးရှားရင်းဂစ် ကျပ် ၇၅၀၊ ထိုင်းဘတ်ကျပ် ၉၈ ၊ တရုတ်ယွမ် ၄၇၅ကျပ်၊ ဂျပန်ယန်း ၂၃ ကျပ်တို့ဖြစ်ကြောင်း သိရသည်။    

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

တရားမဝင်အွန်လိုင်းသတင်းမီဒီယာများမှ နိုင်ငံစီးပွားရေးတိုးတက်မှုကို အဟန့်အတားဖြစ်စေရန်နှင့် အများပြည်သူများအား စိုးရိမ်ပူပန်မှုများ မြင့်တက်စေရန်ရည်ရွယ်ပြီး နိုင်ငံခြားငွေများပြတ်လပ်ကာ နိုင်ငံခြားငွေ လဲလှယ်နှုန်းများမြင့်တက်ဖွယ်ရှိကြောင်း၊ စက်သုံးဆီများပြတ်လပ်မှုများဖြစ်ပေါ်ပြီး စက်သုံးဆီစျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ဖော်ပြရေးသားလျက်ရှိပါသည်။

ကုန်စျေးနှုန်းကြီးမားမှုကို ဖြစ်ပေါ်စေသော ပြင်ပအကြောင်းအရာများနှင့်ဆက်စပ်၍ စက်သုံးဆီစျေးနှုန်းများ ကျဆင်းရေးအတွက် နိုင်ငံခြားငွေများလွယ်ကူစွာရရှိနိုင်ရေး၊ ဘဏ်များ၊ စက်သုံးဆီတင်သွင်းသူ လုပ် ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိပြီး တိုင်းပြည်စီးပွားရေးကို အဓိကထိန်းကျောင်းပံ့ပိုးပေးနေသော ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ထိန်းညှိဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent