၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ကျပ် ၂၃၇၆၅ ဘီလျံကျော် ဝင်ရောက်ထားပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးဖြစ်

၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ကျပ် ၂၃၇၆၅ ဘီလျံကျော် ဝင်ရောက်ထားပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးဖြစ်
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်မှုဇုန်တစ်ခုကို တွေ့ရစဉ်
Published 23 August 2023

၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဒေါ်လာ ၁၁ ဘီလျံကျော်အပါအဝင် ကျပ် ၂၃၇၆၅ ဘီ လျံကျော် ဝင်ရောက်ထားပြီး ကုန်ထုတ်လုပ်မှု ကဏ္ဍတွင်အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ ကဏ္ဍအလိုက် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ်  ၅၂၅၉၁၇၅ ဒသမ ၉၀၅ သန်း(၅၂၅၉ ဘီလျံ ကျော်)၊ အိမ်ခြံမြေကဏ္ဍတွင် ကျပ် ၄၈၉၆၆၇၇ ဒသမ ၄၁၇ သန်း(၄၈၉၆ ဘီလျံ ကျော်)၊ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၃၈၀၁၄၀၄ ဒသမ ၅၅၄ သန်း(၃၈၀၁ ဘီလျံကျော်)၊ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ၂၈၀၆၁၇၄ ဒသမ ၀၀၄ သန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကျပ် ၂၄၅၆၄၅၉ ဒသမ ၃၁၆ သန်း(၂၄၅၆ ဘီလျံကျော်)၊ဆောက်လုပ်ရေးကဏ္ဍတွင် ၁၄၇၃၈၈၁ ဒသမ ၉၄၉သန်း (၁၄၇၃ ဘီလျံကျော်)၊စွမ်းအင်ကဏ္ဍတွင် ၁၂၇၄၂၈၂ ဒသမ ၆၅၈ သန်း(၁၂၇၄ ဘီလျံ ကျော်)၊စက်မှုဇုန်ကဏ္ဍတွင် ၈၉၉၈၂၈ ဒသမ ၉၀၀ သန်း(၈၉၉ ဘီလျံကျော်)၊မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ၅၃၃၅၄၉ ဒသမ ၄၅၉ သန်း(၅၃၃ ဘီလျံကျော်)၊သတ္တုကဏ္ဍတွင် ၂၄၇၀၉၄ ဒသမ ၇၃၆ သန်း(၂၄၇ ဘီလျံကျော်)၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ၁၀၂၁၀၄ ဒသမ ၆၄၁ သန်း(၁၀၂ ဘီလျံကျော်)၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ၁၂၅၅၃ ဒသမ ၉၅၉သန်း(၁၂ ဘီလျံကျော်)ဖြင့် စုစုပေါင်း ၂၃၇၆၅၈၅၇ ဒသမ ၄၉၈ သန်း(၂၃၇၆၅ ဘီလျံကျော်)ဝင်ရောက်ထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်းဖြင့် အများဆုံးခွင့်ပြုပေးခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယအများဆုံး၊အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၆၈၂၆၉ ဒသမ ၆၃၈ သန်းဖြင့် တတိယအများဆုံးဝင်ရောက်ခဲ့သည်။

ကျန်ကဏ္ဍများအနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအ များဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်း လုပ်ငန်းအသစ် ၁၃၀ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆၆ ဒသမ ၈၇၃ သန်း အပါအဝင် ကျပ် ၁၅၃၅ ဒသမ ၀၇၅ ဘီလျံ ဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်းအရေအတွက်ပေါင်း ၃၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄၆ ဒသမ ၇၄၅ သန်းအပါအဝင် ကျပ် ၃၄၆ ဒသမ ၃၈၄ ဘီလျံထပ်မံတိုးမြှင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ် နှံမှုပမာဏ ဒေါ်လာ ၄၁၃ ဒသမ ၆၁၈ သန်း အပါအဝင် ကျပ် ၁၈၈၁ ဒသမ ၄၅၉ ဘီလျံကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Most Read

Most Recent