အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)က ရန်ကုန်-ဆိုးလ်ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းနေရာမှ လာမည့်စက်တင်ဘာ ၂၈ ရက်မှစတင်ကာ တစ်ပတ်လေးကြိမ်သို့ တိုးမြှင့်ပျံသန်းမည်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)က ရန်ကုန်-ဆိုးလ်ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းနေရာမှ လာမည့်စက်တင်ဘာ ၂၈ ရက်မှစတင်ကာ တစ်ပတ်လေးကြိမ်သို့ တိုးမြှင့်ပျံသန်းမည်
Published 22 August 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI)က ရန်ကုန်-ဆိုးလ်ခရီးစဉ်အား တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းနေရာမှ လာမည့် စက်တင်ဘာ ၂၈ ရက်မှစတင်ကာ တစ်ပတ်လေးကြိမ်သို့ တိုးမြှင့်ပျံသန်းမည် ဖြစ်ကြောင်း သိရသည်။

(MAI)က ရန်ကုန်-ဆိုးလ်ခရီးစဉ်အား လက်ရှိတွင် အင်္ဂါ၊ သောကြာနှင့် တနင်္ဂနွေနေ့ များတွင် တစ်ပတ်လျှင်သုံးကြိမ်ပျံသန်းနေခြင်းဖြစ်ရာလာမည့် စက်တင်ဘာ ၂၈ ရက်မှ စတင်ကာ တစ်ပတ် လေးကြိမ်တိုးမြှင့်ပျံသန်းသွားမည်ဖြစ်ပြီး ရန်ကုန်-ဆိုးလ်ခရီးစဉ် တစ်ကြောင်းစာအား အမေရိကန်ဒေါ်လာ၂၇၄ မှစတင်ကာ ရောင်းချနေခြင်းဖြစ်သည်။

(MAI) က ရန်ကုန်-မန္တလေး-ဒွန်မောင်းခရီးစဉ်ကို ၅၇ ဒေါ်လာ မှစတင်၍ လည်းကောင်း၊ မန္တလေး-ဘန်ကောက် ခရီးစဉ်ကို ၉၄ ဒေါ်လာမှစ၍လည်းကောင်း၊ ရန်ကုန်- ဘန်ကောက် ခရီးစဉ်ကို ၆၄ ဒေါ်လာမှ စ၍လည်းကောင်း၊ ရန်ကုန်-စင်ကာ ပူခရီးစဉ်ကို ၁၄၂ ဒေါ်လာမှစ၍ လည်းကောင်း၊ ရန်ကုန်-ကွာလာ လမ်ပူ ခရီးစဉ်ကို ၈၂ ဒေါ်လာမှ စ၍ လည်းကောင်း၊ ရန်ကုန်-ဖူးခက်ခရီးစဉ်ကို ၉၉ ဒေါ်လာမှစ၍လည်းကောင်း၊ ရန်ကုန်-ဟနွိုင်းခရီးစဉ် ကို ၉၉ ဒေါ်လာမှ စတင်၍လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်-မန္တလေးမြို့များမှှ ရုရှားနိုင်ငံ (NOVOSIBIRSK) သို့ လေကြောင်း ခရီးစဉ် အသစ်ပျံသန်းမှုအဖြစ် စက်တင်ဘာလဆန်းတွင် စတင်ပျံသန်းမည် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ၏ ကွန် ရက်ချဲ့ထွင်မှုအဖြစ် မြန်မာနိုင်ငံအား ခရီးသွားစျေးကွက်အသစ်များနှင့် ချိတ်ဆက်ရန် ယခုကဲ့သို့ ရုရှားနိုင်ငံနှင့် လေကြောင်းခရီးစဉ်သစ်စတင် ပျံသန်းရန်စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ရုရှားနိုင်ငံနှင့် လေကြောင်း ခရီးစဉ်သစ်ချိတ်ဆက်ပျံသန်းခြင်းသည် ရုရှားနိုင်ငံမှ ခရီးသည်များအား မြန်မာနိုင်ငံရှိ  ခရီးသွားများ နှစ်သက်သဘောကျသည့် အပန်းဖြေနေရာများဖြစ်သည့် သံတွဲ၊ ဟဲဟိုးနှင့် ညောင်ဦးစသည့်  ပြည်တွင်းခရီးစဉ်များကိုလည်း ချိတ်ဆက်သွားရောက်နိုင်မည်ဟု သိရသည်။

(MAI) က ရန်ကုန်-မန္တလေး မြို့များမှ ရုရှားနိုင်ငံ (NOVOSIBIRSK) မြို့သို့ လေကြောင်း ခရီးစဉ် အသစ်ပျံသန်းမှုကို စက်တင်ဘာ ၅ ရက်မှစတင်ကာ အပတ်စဉ် အင်္ဂါနှင့် စနေနေ့များတွင် တစ်ပတ်နှစ်ကြိမ် ပျံသန်းရန် စီစဉ်ထားကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ပြုလုပ်နေသည့် ၀ါဆိုစျေးရောင်းပွဲတွင် ဖူးခတ်၊ ဟနွိုင်း၊ ဟိုချီမင်း၊ ဖနွမ်းပင်နှင့် ချန်နိုင်းမြို့များသို့ ၉၉ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

(MAI)ကအဆိုပါမြို့များ Full-service experience, Inflight meal,Baggage allowance 40 kg for Business Class, 30 kg for Economy Class တို့ဖြင့် ပျံသန်းနေခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား နေ့စဉ်ပျံသန်းနေပြီး လာမည့် သြဂုတ် ၁၁ ရက်မှစတင်ကာ တစ်နေ့လျှင် နှစ်ကြိမ် တိုးမြှင့်ပျံသန်းခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) သည် ရန်ကုန်-ဖနွမ်းပင်ခရီးစဉ်ကိုလည်း အပတ်စဉ် ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းနေပြီး လက်မှတ်များကို အမေရိကန်ဒေါ်လာ ၁၃၂ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များကို အထူးလျှော့စျေးဖြင့် ရောင်းချမည့် ၀ါဆို စျေးရောင်းပွဲအစီအစဉ်စတင်ခဲ့ပြီး နိုင်ငံတကာခရီးစဉ်များကို ၅၇ ဒေါ်လာမှ စတင်၍ ဝယ်ယူနိုင်မည်သတင်းရရှိသည်။

အဆိုပါ ၀ါဆိုအထူးစျေးရောင်းပွဲတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၏ ပြည်ပခရီးစဉ်များကို ၅၇ ဒေါ်လာမှစတင်၍ လည်းကောင်း၊ ပြည်တွင်းခရီးစဉ်များကို ၁၁၈၅၀၀ မှစတင်၍လည်းကောင်း ဝယ်ယူနိုင်မည် ဖြစ်ပြီး ခရီးသွားခွင့်ကာလမှာ ဇူလိုင် ၁၆ ရက်မှ ၂၀၂၃၊ အောက်တို ဘာ ၂၈ ရက်အထိ ဖြစ်ကြောင်း သိရ သည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းက ရန်ကုန်-စင်ကာပူ အသွားအပြန် ခရီးစဉ်အားတစ်ပတ်လျှင် ၁၂  ကြိမ်ပျံသန်းနေပြီး ၂၅၅ ဒေါ်လာမှ စတင်ရောင်းချနေကြောင်း သတင်းရရှိသည်။

Most Read

Most Recent